Tuesday, May 14, 2019

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အသင့်ဖြစ်မှုများကို ကမ္ဘာသို့အသိပေးရန် အစိုးရစီစဉ်

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်သော နေ ရပ်စွန့်ခွာသူများ ပြန်လည်လက် ခံရန် မြန်မာဘက်က အဆင်သင့် ဖြစ်နေမှုနှင့် လုပ်ငန်းစဉ်များကို ရက်ပိုင်းအတွင်း ကမ္ဘာ့နိုင်ငံများ သို့ အသိပေးဖြန့်ဝေမည်ဟု လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာဝင်းမြတ်အေးက ပြောသည်။
‘‘အခုနောက်ဆုံးအခြေအ နေကတော့ အာဆီယံနိုင်ငံတွေက နေပြီးတော့ ကျွန်တော်တို့နိုင်ငံကို ပြန်လည်လက်ခံရေးမှာ ပူးပေါင်း ဆောင်ရွက်မယ်ဆိုတဲ့ ကတိက ၀တ်ရရှိပြီးနောက် သူတို့ရဲ့ရှေ့ လျှောက်ရမယ့် လုပ်ငန်းစဉ်တွေ ကိုလည်း ချမှတ်ပြီးတော့ ကမ္ဘာ ကို ဖြန့်ဝေတော့မှာ ဖြစ်ပါတယ်။ ဒါ ဒီရက်ပိုင်းအတွင်းမှာ အသိ ပေးဖြန့်ဝေတော့မှာ ဖြစ်ပါတယ်’’ ဟု ယမန်နေ့က နေပြည်တော်၌ ပြုလုပ်သည့် အစိုးရသက်တမ်း တတိယ တစ်နှစ်တာကာလ သတင်းစာရှင်းလင်းပွဲတွင် 7Day Daily သတင်းစာ၏ မေးမြန်းမှုကို ၎င်းက ပြန်လည်ဖြေကြားသည်။

နေရပ်စွန့်ခွာသူများ ပြန် လည်လက်ခံရေး လုပ်ငန်းစဉ်များ လာရောက်လေ့လာသည့် လူ သားချင်းစာနာမှု အကူအညီပေး ရေး အာဆီယံညှိနှိုင်းမှုစင်တာ (AHA Centre)အဖွဲ့ တွေ့ရှိချက် တွင် မြန်မာနိုင်ငံ ပြန်လည်လက်ခံ ရန် အဆင်သင့်ဖြစ်နေသည့် အ ချက်အပါအ၀င် ရခိုင်ပြည်နယ် လူမှုစီးပွားတိုးတက်ရေး၌ အာဆီယံနိုင်ငံများက ကူညီမည့်လမ်း ကြောင်း၊ အကြံပြုချက်၊ တွေ့ရှိ ချက်များကို ဖြန့်ဝေမည်ဖြစ် ကြောင်း ဒေါက်တာဝင်းမြတ်အေး က ဆက်လက်ပြောသည်။

 ထိုသို့တွေ့ရှိချက်များကို ဖြန့်ဝေရန် အာဆီယံနိုင်ငံများက နိုင်ငံခြားရေးဝန်ကြီးများကို အရင် ဖြန့်၍ ကမ္ဘာကသိအောင်ပြုလုပ် မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးအစီအစဉ် စတင်ချိန် တွင် AHA Centre အဖွဲ့က ပြန် လည်လာရောက်ကာ လိုအပ်ချက် များကို ပြန်လည်စိစစ်၍ ၀ိုင်းဝန်းကူညီမည်ဟု ပြောဆိုထား ကြောင်း ၀န်ကြီးကပြောသည်။

AHA Centre သည် ၂၀၁၈ နိုဝင်ဘာလကုန်အတွင်း ပထမ ဆုံးအကြိမ် လာရောက်ပြီး နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များကို လေ့လာခြင်း ဖြစ်သည်။ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံ ဘက်က အဆင်သင့်ဖြစ်နေမှု တစ်နှစ်ကျော် ကြာမြင့်နေသော် လည်း လက်ရှိအချိန်ထိ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်ကို စတင် နိုင်ခြင်းမရှိသေးဟု ဒေါက်တာ ၀င်းမြတ်အေးက ဆိုသည်။ သို့ သော် သက်ဆိုင်ရာအုပ်ချုပ်ရေး မှူးထံ အကြောင်းကြား၍ ၀င် ရောက်မှုအချို့ရှိနေကြောင်း ၎င်း က ဆက်လက်ပြောသည်။

ထိုသို့ ပြန်လည်ဝင်ရောက်မှု ကို အစိုးရက စိစစ်ပြီးနောက် ပုံမှန် လမ်းကြောင်းအတိုင်း အိမ်သို့ပြန် ပို့ပြီး အိမ်မရှိပါက အိမ်ဆောက် ပေးသည့်နည်းလမ်းဖြင့် လုပ် ဆောင်နေရာ လက်ရှိအချိန်ထိ ပြန်လည်ဝင်ရောက်လာသူ ၂၀၀ ခန့်ရှိနေပြီဖြစ်ကြောင်း ၀န်ကြီးဌာနစာရင်းများက ဆိုသည်။ ‘‘အဲဒါကြောင့်မို့လို့ ဒီဘက်နဲ့ အဆက်အသွယ်ရှိသူတွေ ပြန်ဝင် လာတာဖြစ်တယ်’’ ဟု ၀န်ကြီးက ရှင်းပြသည်။ နေရပ်စွန့်ခွာကိစ္စ များနှင့်စပ်လျဉ်း၍ မြန်မာ-ဘင်္ဂ လားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့ စတုတ္ထအကြိမ် အစည်းအဝေးကို နေပြည်တော်၌ မေလ ၃ ရက်က ကျင်းပသော်လည်း ပြန်လည် လွှဲပြောင်းမည့်ရက်ကို ညှိနှိုင်းနိုင် ခြင်းမရှိသေးပေ။

No comments:

Post a Comment