Tuesday, May 14, 2019

မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ခရီးသည်တင်ယာဉ် တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားပြီး ၃၄ ဦီး ဒဏ်ရာရရှိ

မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော် အာရှအမြန်လမ်း မိုင်တိုင် ၁၅၈ အနီးတွင် မေ ၁၃ ရက် နံနက်က ခရီးသည်ပို့ဆောင်ရေး မှန်လုံယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် ခရီးသည် ၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ြ မဝတီ-ကော့ကရိတ် ဒေါနတောင်ကျော် အာရှလမ်း မိုင်တိုင် ၁၅၈ တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သင်္ဃ္န်းညီနောင် ရဲစခန်းမှူး ရဲအုပ်ရဲနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များသည် သင်္ဃ္န်းညီနောင် ကျေး ရွာ ရာအိမ်မှူး ဦးမောင်ဦးနှင့် သက်သေများ ပါဝင်ကာ အခင်းဖြစ်သည့် မြဝတီ-ကော့ကရိတ် အမြန်လမ်း မိုင်တိုင် အမှတ် (၁၅၈) သို့ သွားရောက် စစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။


သက်ဆိုင်ရာမှ စစ်ဆေးရာတွင် ကော့ကရိတ်ဘက်မှ မြဝတီဘက်သို့ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်နေ ယာဉ်မောင်း ထွန်းကျော် (၄၆ နှစ်) မောင်းနှင်လာသော  YGN/2Q - - - - ခရီးသည်တင် ယာဉ်တစ်စီးသည် ခရီးသည်ကျား/မ ၅၁ ဦး တင်ဆောင်လာပြီး မိုင်တိုင်အမှတ် ၁၅၈ ကွမ်းခြံကုန်း အဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ခြမ်းသို့ တိမ်းမှောက်သွားခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် ကျား ၁၅ ဦး၊ မ ၁၉၊ စုစုပေါင်း ၃၄ ဦး ထိခိုက်ဒဏ်ရာ အသီးသီး (မစိုးရိမ်ရ) ရရှိခဲ့ကြ၍ သင်္ဃ္န်းညီနောင် လူမှုကယ်ဆယ်ရေးအသင်း မှ လူနာတင်ယာဉ်များဖြင့် ထိခိုက်ဒဏ်ရာ ရရှိသော လူနာများအား သွားရောက် သယ်ယူကာ မြဝတီဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


ယာဉ်တိမ်းမှောက်မှုကြောင့် လမ်းပိတ်ဆို့မှု နှစ်နာရီခန့် ဖြစ်ပွားခဲ့ပြီး သင်္ဃ္န်းညီနောင် နယ်မြေရဲစခန်းမှူး ရဲအုပ် ရဲနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များက လူအား စက်အားဖြင့် လမ်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရခဲ့သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ကို မဆင်မခြင် မောင်းနှင်သူ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဈေးကြီးရပ်ကွက်နေ ယာဉ်မောင်း ထွန်းကျော် (၄၆ နှစ်) အား ဒုရဲအုပ်ကိုလေးက တရားလို ပြုလုပ် တိုင်တန်းသဖြင့် သင်္ဃ္န်းညီနောင် ရဲစခန်းမှ ယာဉ် (ပ) ၁၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment