Tuesday, May 14, 2019

ထိုင်းအစိုးရပိုင် စာတိုက်နှင့် ပါဆယ် ပို့ နေသည့် ကားဖြင့် မြန်မာနိုင်ငံသာများ အား လူမှောင်ခိုတင်လာသူများအား ဖမ်းဆီး

ထိုင်းနိုင်ငံ မြောက်ပိုင်း စုန်ခလာ ခရိုင် ရသဖုန်းမြို့ နယ်အာရှအဝေးပြေးလမ်းမမှာ ထိုင်းဌာနဆိုင်ရာ စာတိုက်နဲ့  ပါဆယ် ပို့ ဆောင်ရေးလုပ်ငန်းသုံးကားနဲ့  ခိုးဝင်မြန်မာနိုင်ငံသားတွေကို လူမှောင်ခိုတင်လာတာဖြစ်ပါတယ်။ ထိုင်း၇ဲတပ်ဖွဲ့  အစိုးရဌာန ကားတွေနဲ့  လူမှောင်ခိုကူးနေတာကို ကြိုတင်သတင်းရတာကြောင့် ထိုင်းနိုင်ငံ ထိုင်းမြန်မာနယ်စပ် ကန်ချဘူ ရီကနေ ခုလို ဌာနဆိုင်ရာကားသုံးပြီး တင်လာတာကို စောင့်ကြည့်
နေခဲ့ပြီး မြောက်ပိုင်း စုန်ခလာခရိုင်ရောက်မှာ ပိတ်ဆို့  ဖမ်းဆီးလိုက်တာပါ။



ကားမောင်းသူ ထိုင်းနိုင်ငံသားနဲ့  ကျန်ဝန်ထမ်းတစ်ဦးကို လူကုန်ကူးမှုဆိုင်ရာ ဥပဒေနဲ့  အရေးယူမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံသား ဟိန္ဒူဘာသာဝင်တွေဟာ မလေးရှားမှာ အလုပ်သွားရောက်လုပ်ကိုင်ဘို့  စာတိုက်ဝန်ထမ်း ကားမောင်းသူကို ကန်ချနကနေ ထိုင်းမလေးနယ်စပ်အထိ တစ်သီးကို ဘတ်ငွေ ၁၅၀၀ပေး ရကြောင်း သိရပါတယ်။

No comments:

Post a Comment