Sunday, May 12, 2019

AA အကြမ်းဖက်သောင်းကျန်းသူများနှင့်ပတ်သက်ဆက်နွှယ်နေသူများအား ဆက်လက် စစ်ဆေး ဆောင်ရွက်၊ ပတ်သက်ဆက်နွှယ်မှုမရှိသူ ၂၁ ဦးအား ထပ်မံပြန်လည်စေလွှတ် တပ်မတော်ထုတ်ပြန်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာစာသင်ကျောင်းတွင် AA အကြမ်းဖက် သောင်းကျန်းသူများနှင့်ပတ်သက်ဆက်နွှယ်သူ မသင်္ကာဖွယ်အမျိုးသားများအား တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ခေတ္တထိန်းသိမ်း၍ စစ်ဆေးမေးမြန်းခဲ့ကာ မသက်ဆိုင်သူများအားပြန်လည်စေလွှတ်ပေးခဲ့ကြောင်း၊ ပတ်သက်ဆက်နွှယ်သူများအား တရားဥပဒေ အရရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးရန်ကျန်ရှိသူ ၄၃ ဦးအား ဥပဒေနှင့် အညီဆက်လက်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။



အဆိုပါ စစ်ဆေးမေးမြန်းရန်ကျန်ရှိသူ ၄၃ ဦးနှင့် ဆက်စပ်ဖော်ထုတ်ရရှိသူ ၂ ဦး ပေါင်း ၄၅ ဦးအနက် ၂၁ ဦးမှာ AA အကြမ်းဖက်သောင်းကျန်းသူများနှင့်ပတ်သက် ဆက်နွှယ်မှုမရှိကြောင်း စိစစ်သိရှိရသဖြင့် ယနေ့တွင် မသင်္ကာဖွယ်ရာစာရင်းမှ ပယ်ဖျက်ပေးခဲ့ပြီး ကျေးရွာမှရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများရှေ့မှောက်၌ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်းနှင့် ကျန်ရှိသူ ၂၄ ဦးအား ဆက်လက် စစ်ဆေးမေးမြန်း လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment