Sunday, May 12, 2019

ဘရာဇီးနောက်တန်းလူ ဒေးဗစ်လူးဝစ် ချယ်လ်ဆီးအသင်းနှင့် ၂ နှစ်သက်တမ်းတိုး

 ချယ်လ်ဆီးနောက်တန်း လူ ဒေးဗစ်လူးဝစ်သည် အသင်း နှင့် ၂ နှစ်သက်တမ်း တိုးခဲ့သည်ဟု ချယ်လ်ဆီးအသင်းက ထုတ်ပြန် ကြေညာသည်။ ဘရာဇီးလက်ရွေးစင်သည် ယခုရာသီတွင် အသင်းအတွက် ပြိုင်ပွဲစုံ ၄၈ ပွဲ ပါဝင်ကစားပြီး ချယ်လ်ဆီးကို ထိပ်သီးလေးသင်း စာရင်းဝင်ရန်နှင့် အာဆင်နယ်နှင့် ကစားမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲ ရောက်ရှိရန် ကူညီခဲ့သည်။ ‘‘ကျွန်တော်ဒီမှာရှိနေတာ အရမ်းကိုပျော်ရွှင်ပြီး ဆက်နေဖို့ အခွင့်အရေးရတာကိုလည်း ပျော် ပါတယ်။ လူငယ်ကစားသမားတစ်ယောက်လို ရည်မှန်းချက်ရှိနေ တုန်းပါပဲ’’ ဟု လူးဝစ်က ကလပ် ဝက်ဘ်ဆိုက်တွင် ပြောသည်။


‘‘ဥရောပဗိုလ်လုပွဲတစ်ခု ထပ်ပြီး ရောက်ရှိတာ အရမ်း အဓိပ္ပာယ်ရှိပြီး ဒီနှစ် ပရီးမီးယား လိဂ် ထိပ်သီးသုံးသင်းထဲမှာ အ ဆုံးသတ်ဖို့ အခွင့်အရေးလည်း ရှိ နေပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းကို ကူညီဖို့အစွမ်းကုန်ကြိုး စားသွားပါမယ်’’ ဟု လူးဝစ်က ဆက်လက်ပြောသည်။

ပြီးခဲ့သည့်နှစ် နည်းပြ ဟောင်း ကွန်တီလက်ထက်က ဦး စားပေးစာရင်းတွင် မပါဝင်သော လူးဝစ်သည် နည်းပြသစ်ဆာရီ လက်ထက်၌ အဓိကကစားသမား တစ်ဦးဖြစ်လာသည်။

‘‘ဒီတစ်ရာသီလုံး သူ့ရဲ့ နံ ဘေးက လူတွေအားလုံးကို အ ကောင်းဆုံးနမူနာအဖြစ် ပြသခဲ့ ပြီး ကွင်းထဲမှာရော ကွင်းပြင်မှာ ပါ ကြီးမားတဲ့သြဇာသက်ရောက် မှုရှိခဲ့ပါတယ်’’ ဟု ချယ်လ်ဆီး ဒါရိုက်တာ မာရီနာဂရန်နော့ဗ်စ တိုင်းက ပြောသည်။

ယူရိုပါလိဂ်ဗိုလ်လုပွဲလည်း ရှိနေရာ မိမိတို့အနေဖြင့် ဖလားတစ်လုံးဖြင့် ရာသီအဆုံး သတ်ရန် မျှော်လင့်ပြီး လူးဝစ် သည် ယင်းဗိုလ်လုပွဲနှင့် ယင်း ထက်ကျော်လွန်သော အောင်မြင် မှုများတွင် အရေးပါသူဖြစ်မည်ဟု မျှော်လင့်ကြောင်း ၎င်းကဆက် လက်ပြောသည်။

ဒေးဗစ်လူးဝစ်သည် ပီ အက်စ်ဂျီတွင် သုံးရာသီကစားပြီး ၂၀၁၆ က ချယ်လ်ဆီးသို့ ပြန် ရောက်လာသည်။ ချယ်လ်ဆီး၌ စုစုပေါင်း ၂၄၆ ပွဲကစားပြီး ၁၈ဂိုးသွင်းယူထားသည်။ တတိယနေရာရှိ ချယ်လ်ဆီး သည် ယနေ့ည လက်စတာနှင့် ပရီးမီးယားလိဂ်နောက်ဆုံးပွဲ က စားမည်ဖြစ်သည်။

No comments:

Post a Comment