Sunday, May 12, 2019

မြန်မာ့သရက်သီးပွဲတော် မန္တလေး၌ ကျင်းပမည်

 ပြည်တွင်းထွက် သရက်သီးအမျိုးအစား စုံလင်စွာ ပြသထားသည့် မြန်မာ့သရက်သီးပွဲတော်ကို မန္တလေးမြို့ ဟိုတယ်ဟေဇယ်၌ နှစ်ရက်ကြာ ကျင်းပမည်ဖြစ်သည်။ အဆိုပါမြန်မာ့သရက်သီးပွဲ တော်ကို မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက် ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူ များအသင်းနှင့် မြန်မာနိုင်ငံ သရက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအစုအဖွဲ့ (မန္တ လေးတိုင်းဒေသကြီး)တို့က ကျင်း ပခြင်းဖြစ်သည်။ သရက်သီးပွဲတော်ကို မေလ ၁၁ ရက်မှ ၁၂ ရက်ထိ နှစ်ရက် ကြာကျင်းပနေသည်။



မြန်မာ့သရက် အရည်အ သွေး ပိုမိုတိုးတက်လာစေရန်နှင့် နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင် ရန်ရည်ရွယ်၍ သရက်သီးပွဲတော် ကို ကျင်းပခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သရက်အစု အဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းနွဲ့က ပြောသည်။

‘‘မြန်မာ့သရက်ကို ကမ္ဘာက ပိုမိုသိရှိလာစေဖို့ ဒီလိုပွဲတွေကို ကျင်းပတာပါ။ သရက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချတဲ့နေ ရာမှာလည်း ခိုင်မာတဲ့ ဈေးကွက် တစ်ခုဖြစ်လာဖို့ အချင်းချင်းချိတ် ဆက်မှုရရှိစေဖို့လည်း ရည်ရွယ်ပါ တယ်’’ဟု ၎င်းက ဆိုသည်။

အဆိုပါသရက်သီးပွဲတော် တွင် စိုက်ပျိုးရေးသုံး ဆေးဝါးများ၊ ယာဉ်ယန္တရားများ၊ ဂျပန်၊ တရုတ်၊ ထိုင်းနိုင်ငံမှ သရက်နှင့်ပတ်သက်သည့် ပြခန်းများအပါအဝင် ဆိုင် ခန်း ၄၅ ခန်းပြသထားသည်။

မန္တလေးတိုင်းဒေသကြီးအ နေဖြင့် သရက်နှင့်ပတ်သက်၍ ဈေးကွက်တစ်ခု အခိုင်အမာဖြစ် ပေါ်စေလိုကြောင်း သရက်ကုန် သည်များက ဆိုသည်။  သရက်သီး ပွဲတော်တွင် သရက်သီးအမျိုးအစားအလိုက် ပြိုင်ပွဲများအပြင် သရက်သီးစား ပြိုင်ပွဲ၊ သရက်သီးအမျိုးအစားခွဲ ခြားသည့် ပြိုင်ပွဲများပါ ထည့်သွင်း ကျင်းပမည်ဖြစ်သည်။

No comments:

Post a Comment