Sunday, May 12, 2019

ပြည်ပမှ သစ်လုံးတန် ၆၀ ခန့် ပထမဆုံးအကြိမ်တင်သွင်း

သစ်အခြေခံ စက်ရုံများ ကုန်ကြမ်းလိုအပ်ချက် မြင့်မား လာသဖြင့် အာဖရိကတိုက်ရှိကွန် ဂိုနိုင်ငံမှ သစ်လုံးတန် ၆၀ ခန့်ကို ပြည်တွင်းသို့ တင်သွင်းခဲ့ကြောင်း အဆိုပါ သစ်လုံးများတင်သွင်းခဲ့ သည့် Jewellery Teak Timber ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းချီက ပြောသည်။ သမိုင်းတစ်လျှောက် သစ် တင်ပို့ရောင်းချခဲ့သည့် မြန်မာ နိုင်ငံသည် ယခင်က ပြည်ပနိုင်ငံများမှ သစ်ခွဲခြမ်းနှင့် အချောထည်များသာတင်သွင်းခဲ့ဖူးသော်လည်း   ယခုကဲ့သို့ သစ်အလုံးလိုက်    တင်သွင်းမှုသည်   ပထမဆုံးအကြိမ်   ဖြစ်သည်။


မြန်မာနိုင်ငံ၌ သစ်ထုတ် လုပ်မှု လျှော့ချသည့်နောက်ပိုင်း တွင် သစ်အခြေခံစက်ရုံများ၏ ကုန်ကြမ်းလိုအပ်ချက် များပြား လာသဖြင့် ပြည်ပနိုင်ငံမှ သစ်အ လုံးလိုက် တင်သွင်းခြင်းဖြစ်သည် ကြောင်း ၎င်းကဆိုသည်။

သစ်ပါးလွှာထုတ်လုပ်ပြီး ပြည်ပဈေးကွက်သို့ ပြန်လည်တင် ပို့ရန် အင်ကညင်နှင့် ဆင်တူသည့် အာဖရိကတိုက်မှ KOSIPO အမည်ရှိသစ်အမျိုးအစား သစ်လုံး ၁၀ လုံးကို ကွန်တိန်နာလေးလုံး ဖြင့် တင်သွင်းခြင်း ဖြစ်သည်။

သစ်ကုန်ကြမ်း မြင့်မားနေ ခြင်းနှင့်အတူ ၀ယ်လိုအားမြင့် တက်နေသောကြောင့် မြန်မာ့သစ် လုပ်ငန်း၏ အိတ်ဖွင့်တင်ဒါ၊ ဈေး ပြိုင်တင်ဒါများတွင် သစ်လုံးကုန် ကြမ်းဈေးနှုန်းများ မတန်တဆမြင့် မားနေပြီး ပြည်တွင်းရှိ လုပ်ငန်း ရှင်များနှင့် အသေးစား၊ အလတ် စား သစ်အခြေခံစက်မှု လုပ်ငန်း ရှင်များ ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ မိမိတို့စက်ရုံ လည်ပတ်နိုင်ရေး၊ စက်ရုံ လုပ်သားများ စားဝတ်နေ ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းဆောင်ရွက်နေသည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ သစ်တောထွက် ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်အ သင်းက အဆိုပါ ပြဿနာများကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းနိုင်ရေး  ဆွေးနွေးခဲ့ရာ ပုဂ္ဂလိကသစ်တောစိုက်ခင်းများတည်ထောင်ခြင်းနှင့် သဘာဝသစ်တောများမှ သစ်ခုတ်လှဲထုတ်လုပ် ရောင်းချနေ သော အာဖရိကနှင့် ပစိဖိတ်သမုဒ္ဒရာ ကျွန်းနိုင်ငံများမှ သစ်ကုန်ကြမ်းတင်သွင်းခြင်းတို့ နည်းလမ်းနှစ်ခု တွေ့ရှိခဲ့သည်။

သို့ရာတွင် ပုဂ္ဂလိကသစ် တောစိုက်ခင်းများ တည်ထောင် ခြင်းနည်းလမ်းသည် အချိန်ကာလ တစ်ခုစောင့်ဆိုင်းရခြင်း၊ အချို့  သစ်မျိုးများသည် ကြီးထွားနှုန်း အရ သစ်တောစိုက်ခင်းတည် ထောင်၍ တွက်ခြေ မကိုက်ခြင်း တို့ကြောင့် ပြည်ပမှ သစ်ကုန် ကြမ်းတင်သွင်းခြင်း နည်းလမ်းကို ဦးစားပေး ရွေးချယ်၍ စမ်းသပ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်း ကဆိုသည်။

အာဖရိကနိုင်ငံမှ သစ်အလုံး လိုက် တင်သွင်းမှုကို ကွန်တိန်နာ လေးလုံးဖြင့် စမ်းသပ်တင်သွင်း ခြင်းဖြစ်ပြီး ပိုမိုတင်သွင်းလာနိုင် မည်ဆိုပါက ပြည်တွင်းရှိ သဘာ ၀သစ်တောများအပေါ် မှီခိုမှုမရှိသလောက် လျော့နည်းလာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘အခုလို ပြည်ပက တင် သွင်းလာတဲ့အတွက် အကျိုးအ များကြီး ရှိပါတယ်။ စက်ရုံများမှ ကုန်ကြမ်းလိုအပ်ချက်ကို သဘာ ၀သစ်တောများအား မှီခိုနေရတဲ့ အပေါ် အထိုက်အလျောက် လျော့နည်းလာမှာ ဖြစ်ပါတယ်’’ ဟု ဦးသိန်းချီက ပြောသည်။

အာဖရိကနိုင်ငံမှ တင်သွင်း သည့် သစ်လုံးများသည် ချက်ချင်း ခုတ်လှဲပြီး သင်္ဘောတင်ချိန်မှ မြန်မာနိုင်ငံသို့ ရောက်ချိန်အထိ နှစ်လခန့်သာကြာမြင့်ရာ အရည် အသွေးကောင်းမွန်သည့် သစ် လုံးများရရှိကြောင်း ၎င်းကပြော သည်။လက်ရှိတွင် သစ်တောဦးစီးဌာနက ပဲခူးရိုးမတွင် သစ်ထုတ်လုပ် မှု ၁၀ နှစ်နှင့် ကျန်ပြည်နယ်၊ တိုင်း များတွင် သစ်ထုတ်လုပ်ခြင်း တစ် နှစ်ခန့်ရပ်ဆိုင်းမည်ဟု   ၂၀၁၆ တွင် ကြေညာခဲ့ပြီး နောက်ပိုင်း ပြည်နယ်နှင့် တိုင်းများ၌ သစ်ထုတ်လုပ်မှု လျှော့ချမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်ကျော်လွင်က ပြောသည်။

ယင်းအတွက် သစ်အခြေခံ စက်ရုံများ ကုန်ကြမ်းရရှိစေရန် ပြည်တွင်း၌ထွက်ရှိသည့် သစ်မျိုး ကလွဲ၍ အခြားသစ်မျိုးများကိုပြည်တွင်းသို့တင်သွင်းခွင့်ပြုထား ကြောင်း ၎င်းကဆိုသည်။ ‘‘ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့နိုင်ငံက သစ်ပင်ကို မခုတ်ဘဲနဲ့ သူများနိုင်ငံက သစ် ကိုဝယ်သုံးတာ အကောင်းဆုံးပဲ’’ ဟု ဦးကျော်ကျော်လွင်က ပြော သည်။

No comments:

Post a Comment