Sunday, May 12, 2019

အမေရိကန်စစ်တပ်နဲ့ ပူးပေါင်းပြီး သမ္မတ မာဒူရို ပြုတ်ကျရေး ကြိုးပမ်းမည်ဟု ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် ပြောဆို

 သမ္မတ မာဒူရို အစိုးရအပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေမှာ အင်အားနည်းပါးနေတဲ့ အခြေအနေတွေ ရှိနေခဲ့ပြီးနောက် လာမယ့် ကာလမှာ အမေရိကန် စစ်တပ်ရဲ့ ပူးပေါင်းပါဝင်မှု အကူအညီကို ရယူပြီး ဆက်လက်ကြိုးပမ်းသွားဖို့ ရှိနေကြောင်း ဗင်နီဇွဲလား အတိုက်အခံ  ခေါင်းဆောင် ဟွမ် ဂွါဒိုက မေလ ၁၁ ရက်မှာ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။



ဗင်နီဇွဲလား ကြားဖြတ်သမ္မတအဖြစ် နိုင်ငံ ၅၀ ကျော်ရဲ့ အသိအမှတ်ပြုခြင်းကို ခံထားရတဲ့ ဂွါဒိုက ယင်းနေ့က ပြုလုပ်တဲ့ လူထု စုဝေးပွဲတစ်ခုမှာ ပြောကြားရာမှာ ゞင်းတို့အနေနဲ့ အမေရိကန် စစ်တပ်ရဲ့ ဖြစ်နိုင်ဖွယ် ပူးပေါင်းပါဝင်မှုကို ရရှိအောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ゞင်းအပေါ် ထောက်ခံသူတွေကို အားပေးစကား ပြောကြားလိုက်ပါတယ်။

အမေရိကန်စစ်တပ်နဲ့ ပူးပေါင်းပြီး လက်ရှိ ဗင်နီဇွဲလားအကျပ်အတည်း ဖြေရှင်းဖို့အတွက် အမေရိကန်တောင်ပိုင်း စစ်ဌာနချုပ်က တာဝန်ရှိသူတွေနဲ့  တွေ့ဆုံစကားပြောဆိုဖို့ ゞင်းရဲ့ သံအရာရှိကို ညွှန်ကြားထားကြောင်း မစ္စတာ ဂွါဒိုက ပြောပါတယ်။

“ ကျွန်တော်တို့ရဲ့ သံအမတ် ကားလို့စ် ဗက်ချီယိုကို ကျွန်တော် လှမ်းပြောထားပါတယ်၊ ခုချက်ချင်း အမေရိကန် တောင်ပိုင်း စစ်ဌာနချုပ်က တာဝန်ရှိသူတွေနဲ့ သွားတွေ့ပြီး စကားပြောဖို့ပါ၊ ပြီးတော့ ကျွန်တော်တို့အကြား ပူးပေါင်းဆောင်ရွက်နိုင်ဖို့ တိုက်ရိုက် ဆက်ဆံရေး ထူထောင်နိုင်ဖို့ပါ” လို့ ကာရာကက်စ်မြို့အရှေ့ပိုင်း ပလာဇာတစ်ခုမှာ ပြုလုပ်တဲ့ လူထုအစည်းအဝေးတစ်မှာ ゞင်းက ပြောသွားခဲ့ပါတယ်။

အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အစိုးရတွေရဲ့ ထောက်ခံမှုနဲ့အတူ နိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းသွားနိုင်မယ့်  နည်းလမ်းတွေ ရှိနေကြောင်း၊ လက်ရှိ သမ္မတ မာဒူရိုကို အာဏာ လက်လွှတ်သွားဖို့အတွက် ကြိုးပမ်းမှာဖြစ်ကြောင်း ဂွါဒိုက ပြောသွားခဲ့ပါတယ်။

No comments:

Post a Comment