Sunday, May 12, 2019

ကလေးဒေသတွင် အပူချိန်မြင့်တက်လာမှုကြောင့် ကြက်ဥအထွက်နှုန်းကျဆင်း

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့တွင် သင်္ကြန် ပြီးကာလမှစတင်၍ အပူချိန်မြင့် မားနေမှုကြောင့် ကြက်ခြံများ၌ ကြက်ဥအထွက်နှုန်းကျဆင်းနေပြီး ဈေးကွက်အတွင်း ကြက်ဥဈေး မြင့်တက်လျက်ရှိကြောင်း သိရ သည်။ ကလေးဒေသထွက် ကြက်ဥ များကို မြန်မာ-အိန္ဒိယနယ်စပ် တမူးဈေးကွက်နှင့် ချင်းပြည်နယ် ရိဒ်ဈေးကွက်သို့လည်းကောင်း၊ ချင်း ပြည်နယ်မြို့ကြီးများဖြစ်သော ဖလမ်း၊ ဟားခါးနှင့် တီးတိန်ဈေး ကွက်များသို့လည်းကောင်း နေ့စဉ် တင်ပို့ရောင်းချနေသည်။

ကလေးဒေသတွင် သင်္ကြန် ပြီးရက်များဖြစ်သည့် ဧပြီလလယ် ရက်များမှအစပြု၍ နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်မှ ၄၁ ဒီဂရီ စင်တီဂရိတ်သို့လည်းကောင်း၊ မေ လဆန်းရက်များမှ အစပြု၍ အ ပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်သို့ နေ့စဉ်မြင့်တက်နေကြောင်း မိုးလေ ဝသမှ ထုတ်ပြန်သည့်သတင်းများ အရ သိရသည်။

""ကြက်ဥအထွက်နှုန်းကကျ တယ်။ ပူတော့သိပ်မဥတော့ဘူး။ အစာဈေးနှုန်းကမြင့်တက်နေ တယ်။ ခြံကထွက်တဲ့ကြက်ဥက လည်း ရောင်းဈေးတော့ မြင့်ပါရဲ့ ဒါပေမဲ့မကိုက်ဘူး။ ရှုံးတယ်။ အ ခုကြက်ဥဈေးတက်တာက စားသုံး သူလည်းမကိုက်၊ ကြက်မွေးသူ လည်းမကိုက်၊ အရောင်းအဝယ် သမားလည်းမကိုက်ဆိုတာမျိုးဖြစ် နေတယ်""ဟု ကလေးဒေသမှ ကြက် မွေးမြူသူ ဦးအောင်သော်က ပြော သည်။
ကလေးဒေသတွင် ကြက်မွေး မြူသည့် ကြက်ခြံပေါင်း ၅၀ဝ ဝန်း ကျင်ရှိပြီး ဥစားကြက်အကောင် ၅၀ဝ မှ ၃၀ဝ၀ ဝန်းကျင်အထိ မွေးမြူကြကာ ပုံမှန်အရ ကြက် အကောင်တစ်ရာလျှင် ကြက်ဥ အလုံးရေ ၇၀ မှ ၈၀ အထိ ထွက် ပြီး ယခုနေ့အပူရှိန်မြင့်တက်သည့် အခါ ကြက်အကောင်တစ်ရာ လျှင် ကြက်ဥအလုံးရေ ၅၀ ဝန်း ကျင်သာထွက်ရှိတော့သည်။

ကလေးဒေသအပူရှိန်မြင့် မားနေသည့် အချိန်တွင် ကြက်ခြံ များ၌ အစာရေပြတ်လပ်မှုမရှိစေ ရန် တိရစ္ဆာန်များတွင် ထူးခြားမှု လက္ခဏာတစ်စုံတစ်ရာတွေ့ရှိပါ က ခရိုင်နှင့်မြို့နယ်တိရစ္ဆာန်ဆေး ကုသရေးဌာနသို့ အမြန်ဆုံးဆက် သွယ်အကြောင်းကြားပါရန် အသိ ပေးထုတ်ပြန်ထားကြောင်း သိရ သည်။

No comments:

Post a Comment