Sunday, May 12, 2019

ဘိုင်ယန်မြူးနစ်နှင့် လိုက်ဇစ် ဂိုးမရှိသရေကျ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ၃၃ ပွဲမြောက် ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ နာမည်ကြီး ဘိုင်ယန်မြူးနစ်က အဝေးကွင်းမှာ လိုက်ဇစ်နဲ့ ဂိုးမရှိသရေကျလို့ ချန်ပီယံစောစောဖြစ်ရေး အခွင့်ရေးကို လက်လွှတ်လိုက်ရပါတယ်။ လက်ကျန်ပွဲ ၁ ပွဲပဲ ကျန်ပေမယ့်လည်း ဘိုင်ယန်ဟာ ဒီပွဲနိုင်ရင် ချန်ပီယံဖြစ်မှာပါ။ ဒါပေမယ့် အိမ်ရှင် လိုက်ဇစ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး ဘိုင်ယန်က ဂိုးသွင်းခွင့်အခွင့်အရေးတွေ ရပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။



ဘိုင်ယန် ကစားသမား ဂရက်စကာ ဂိုးသွင်းတာ ၀င်ပေမယ့် တိုက်စစ်မှူး လီဝမ်းဒေါ့စကီး လူကျွံတယ်ဆိုပြီး ဂိုးအဖြစ် ဒိုင်က မသတ်မှတ်ခဲ့ပါဘူး။

အိမ်ရှင် လိုက်ဇစ်ကလည်း ဘိုင်ယန် ဂိုးပေါက်ကို ခြိမ်းခြောက်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဘိုင်ယန်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားနိုင်ခဲ့ပါတယ်။

ဒီပွဲ သရေကျလို့ လက်ကျန်ပွဲ တပွဲပဲ ကျန်တဲ့အချိန်မှာ ဘိုင်ယန်မြူးနစ်က ၇၅ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒေါ့မွန်က ၇၃ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ဘိုင်ယန်ဟာ လက်ကျန်ပွဲမှာ သရေကျရုံနဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ချန်ပီယံဆုကို ၇ နှစ် ဆက်တိုက် ရယူနိုင်မှာ ဖြစ်ပါတယ်။

No comments:

Post a Comment