Sunday, May 12, 2019

နေအပူရှိန်ကြောင့် ချောက်နှင့် ရေနံချောင်း ထန်းလျက်အထွက်နှုန်းကျ

နေပူရှိန်ကြောင့် ရေနံချောင်းနှင့် ချောက်မြို့နယ် ထွက် ထန်းလျက်အထွက်ကျသည့် အပြင် ဈေးကောင်းမရ ဈေးကျနေ ကြောင်း အထက်ပါဒေသများမှ ထန်းတောင်သူများထံက သိရ သည်။ ""နေပူရှိန်ကြောင့် ထန်း လျက်အထွက်နှုန်းမှာ မတ်လဆန်း က ထန်းလျက် ၁၅ ပိဿာရနေရာ က ယခုရက်မှာ ထန်းလျက် ၁၁ ပိဿာပဲရတယ်။ နေပူရှိန်ကြောင့် ထန်းပင်တွေ ထန်းရည်အချို အထွက်ကျနေတာပါ""ဟု ရေနံ ချောင်းမြို့ ထန်းတောင်သူ ဦးမြတ် လှမှပြောသည်။

ယခုတစ်ပတ်တွင် ထန်းလျက် ပိဿာ ကျပ် ၁၀ဝ၀ ပေါက်ဈေးရှိ ပြီး လောင်စာဖြစ်သည့် ပဲစင်းငုံ မြစ်မှာလည်း ကျပ် ၁၅၀ဝ၀ကနေ ကျပ် ၂၀ဝ၀ဝ၊ ဆီးသီးခွဲခြမ်းတင်း လေးဆယ်ခန့်ပါသည့် ထော်လာဂျီ တစ်စီး ကျပ် ၃၅၀ဝ၀၊ ထန်းတက် ခ၊ အလုပ်သမားခ၊ မြေအိုးအတွက် ကုန်ကျသည့်စရိတ်များ ဈေးမြင့် တက်လာခြင်းကြောင့် တွက်ခြေမ ကိုက်တော့ကြောင်း ရေနံချောင်း မြို့နယ် စိန်ပန်းပင်ကျေးရွာအုပ်စု မှ တောင်သူတစ်ဦးက ပြောကြား သည်။

ချောက်မြို့နယ် ကြောင်လျာ တောကျေးရွာအုပ်စုမှ တောင်သူ ဦးမြမောင်က""ထန်းလျက်ဈေးကျ တယ်။ နေပူအပူရှိန်မြင့်တော့ ပုံမှန် ဆိုရင် ထန်းရည်ငါးဂါလန်ဝင်ပုံး ခြောက်ပုံးရတဲ့အနေအထားကနေ ငါးဂါလန်ဝင် လေးပုံးနီးနီးပဲရတော့ တယ်""ဟု ပြောသည်။

လက်ရှိဈေးတစ်ပိဿာ ကျပ် ၁၆၀ဝ ကနေ ကျပ် ၁၀ဝ၀ ရောင်းရ သည့်အတွက် ဈေးကျနေပြီး နယ်အဝယ်အေးခြင်းကြောင့်လည်း ဈေးကျခြင်းဖြစ်ကြောင်း၊ ယခင်နှစ် က ကုန်ချိန်ပိဿာ ၅၀ဝ ကနေ ယခု ကုန်ချိန် ပိဿာ ၃၅၀ ကနေ ပိဿာ ၄၀ဝ သာဝယ်တော့ကြောင်း၊
နှစ်စဉ် ဖေဖော်ဝါရီလကစပြီး မေလကုန်အထိ ရာသီချိန်ကာလ အဖြစ် ထန်းတက်လုပ်ငန်းကို လုပ် ကိုင်ကြကြောင်း ရေနံချောင်းမြို့ နယ်မှ ထန်းလျက်ပွဲစား ဦးတင်လေး ပြောကြားချက်အရသိရသည်။

No comments:

Post a Comment