Sunday, May 12, 2019

ဖိအားရှိနေခြင်းက အလွန်ကောင်းဟု မန်စီးတီးနည်းပြပြော၊ ပရီးမီးယားလိဂ်နောက်ဆုံးပွဲတွင် လီဗာပူး၌ ဆာလက်ပါဝင်

 လက်ရှိချန်ပီယံမန်စီးတီး က ဘရိုက်တန်ကွင်း၌ နိုင်ပွဲရလျှင် ယခုရာသီပရီးမီးယားလိဂ်ဖလားရရှိမည့်အနေအထားတွင် မန်စီးတီးနည်းပြ ဂွာဒီယိုလာက အဓိကပြိုင်ဘက် လီဗာပူးကို နောက်မှလိုက်ရခြင်းထက် ဦးဆောင်ထားနိုင်ခြင်းက ပိုမို ကောင်းမွန်သည်ဟု ပြောသည်။ ယင်းအနီးဆုံးအသင်းကို တစ်မှတ်ဖြတ်ဦးဆောင်ထားစဉ် မန်စီးတီးက ဘရိုက်တန်အသင်း အိမ်ကွင်းသို့ သွားရောက်ကစား မည်ဖြစ်သည်။ လီဗာပူးက ဝုဖ်လ်ဗာဟမ်တန်ကို လက်ခံကစားရ မည်ဖြစ်ပြီး အီဂျစ်တိုက်စစ်မှူးဆာလက်ပါဝင်ကစားမည်ဟု နည်းပြကလော့ပ်က ပြောသည်။



ဆာလက်သည် ဦးခေါင်းထိ ခိုက်ခဲ့သော်လည်း ကြံ့ခိုင်မှုပြည့် ဝနေပြီဖြစ်ကာ ဝုဖ်လ်ဗာဟမ်တန် နှင့်ပွဲတွင် ပြန်လည်ကစားနိုင်မည် ဟု ကလော့ပ်ကပြောသည်။ လီ ဗာပူးသည် ယင်းပွဲကို အနိုင်ရပါ ကလည်း မန်စီးတီးသရေ (သို့မ ဟုတ်) ရှုံးပွဲကြုံမှသာ ဖလားရမည် ဖြစ်သည်။

မန်စီးတီးတွင် ဒဏ်ရာပြဿ နာကြီးကြီးမားမားမရှိဘဲ ဘရိုက် တန်နှင့် ကစားရန်ပြင်ဆင်နေစဉ် ဂွာဒီယိုလာက ဖိအားရှိနေသည် မှာ ကောင်းကြောင်း၊ ကစားသ မားအနေဖြင့် ကြောက်ရွံ့နေသင့် ကြောင်း၊ ခက်ခဲမည်ဟု သိထား ရန်လိုကြောင်းနှင့် အနိုင်ရမှသာ ဖြစ်မည်ဟု သိထားရန်လိုကြောင်း ပြောကြားသည်။

ဂွာဒီယိုလာသည် ယခုရာသီ တွင် ပရီးမီးယားလိဂ်ဖလား ထပ် ရပါက မန်ယူနည်းပြဟောင်း ဖာ ဂူဆန်နှင့် မော်ရင်ဟို (ချယ်လ် ဆီး) တို့နောက်ပိုင်း တတိယ မြောက် ၂ နှစ်ဆက်ဖလားရသော ပရီးမီးယားလိဂ် နည်းပြဖြစ်လာ မည်ဖြစ်သည်။

ဂွာဒီယိုလာက ယခုရာသီ နောက်ဆုံးပွဲတွင် ဂိုးသွင်းနိုင်သမျှ သွင်းကြရန် အသင်းသားများအား တိုက်တွန်းကာ ပြီးခဲ့သည့် ၁၃ ပွဲ စလုံး မိမိတို့အနိုင်ရခဲ့သဖြင့် ထိပ် ဆုံးနေရာနှင့် ထိုက်တန်သည်ဟု ပြောကြားသည်။ 

No comments:

Post a Comment