Sunday, May 12, 2019

ဗိုလ်လုပွဲနှစ်ပွဲနှင့် ချန်ပီယံလိဂ်ဝင်ခွင့်က ဟာဇက်ကို အသင်းမပြောင်းရန် မတားဆီးနိုင်ဟု နည်းပြဆာရီပြောကြား

 ချယ်လ်ဆီး၏ ပရီးမီး ယားလိဂ်ထိပ်တန်းလေးသင်းဝင်၊ မဝင်နှင့် ယူရိုပါလိဂ် ဗိုလ်လုပွဲနေ ရာရခြင်းတို့က အသင်းတွင် ဟာ ဇက်ဆက်နေရန် အထောက်အကူ ဖြစ်စေမည်လား ဆိုခြင်းအပေါ် ချယ်လ်ဆီးနည်းပြ ဆာရီက သံသ ယရှိကြောင်း ပြောကြားသည်။ ချယ်လ်ဆီးသည် ကာရာဘောင်ဖလားဗိုလ်လုပွဲတွင် မန်စီးတီးကို ရှုံးခဲ့ပြီး အာဆင်နယ်နှင့်ယူရိုပါလိဂ်ဖလား လုရမည်ဖြစ် သည်။
ဟာဇက်က ရီးရဲလ်သို့ ပြောင်းရွှေ့ခွင့်သည် အိပ်မက်ဖြစ် သည်ဟု လူသိရှင်ကြားပြောကြား ထားပြီး ရီးရဲလ်တွင် ကစားလိုသော ယင်းအိပ်မက်သာ တကယ်ဖြစ်လာပါက ငယ်ဘဝကလေးစားရသူ ဇီဒန်းလက်အောက်၌ကစားခွင့်ရမည်ဖြစ်သည်။ ချယ်လ်ဆီးက ဟာဇက်ကို ရောင်းချရန်ယူရိုသန်း ၁၃၀ တောင်းမည် ဖြစ်သော်လည်း ရီးရဲလ်က ယူရိုသန်း ၁၀၀ ပေးရန် ပြင်ဆင်နေသည်ဟု ဆိုသည်။ သို့ သော် ချယ်လ်ဆီးသည် ကစားသ မား ပြောင်းရွှေ့ခွင့်တစ်နှစ် ပိတ် ပင်ခံထားရသည်။ မိမိအနေဖြင့် ဟာဇက်ကို ချယ်လ်ဆီးတွင်ဆက်လက်ရှိစေလိုသော်လည်း ဈေးကွက်ကိုထိန်းချုပ်သူမဟုတ်သဖြင့် မတတ်နိုင်ဟု ဆာရီကပြောသည်။

No comments:

Post a Comment