Sunday, May 12, 2019

ဂန့်ဂေါတွင် အပူချိန် ၄၆.၆ ဒီဂရီဖြင့် ၅၅နှစ်အတွင်း အပူစံချိန်သစ်တင်ခဲ့

ဂန့်ဂေါမြို့တွင် အပူချိန် ၄၆.၆ ဒီဂရီ ဆဲလ်စီးယပ်(၁၁၅.၉ ဒီဂရီ ဖာရင်ဟိုက်)ဖြင့် မိုးလေ၀သစခန်းဖွင့်သည့်နှစ်မှစ၍ လွန်ခဲ့သော နှစ်ပေါင်း ၅၅ နှစ်အတွင်း အပူဆုံး စံချိန်သစ်တင်ခဲ့ကြောင်း မြန်မာ့မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ ယင်းသည် ယခု မေလ ၉ ရက်နေ့က အပူစံချိန်သစ်ဖြစ်သည့် ၄၆ ဒီဂရီကို ထပ်မံချိုးလိုက်ခြင်းလည်းဖြစ်သည်။



ထို့အတူပင် ပေါက်မြို့တွင်လည်း ၄၅.၅ ဒီဂရီ ဆဲလ်စီးယပ်စ်ဖြင့် မိုးလေ၀သစခန်းဖွင့်သည့်နှစ်မှစ၍ လွန်ခဲ့သည့် နှစ်ပေါင်း ၂၂နှစ်အတွင်း အပူဆုံစံချိန်တင်ခဲ့ကာ၊ ဖလမ်းမြို့တွင်လည်း ၃၃.၄ ဒီဂရီ ဆဲလ်စီးယပ်စ်ဖြင့် မိုးလေ၀သစခန်းဖွင့်သည့်နှစ်မှစ၍ လွန်ခဲ့သော နှစ်ပေါင်း ၅၅ နှစ်အတွင်း အပူဆုံး စံချိန်သစ်တင်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments:

Post a Comment