Sunday, May 12, 2019

ကျပ်တစ်ထောင်တန်ထီ ဘယ်သူရှုံးပြီး ဘယ်သူမြတ်နေလဲ

ကျပ်တစ်ထောင်တန် ထီလက်မှတ်တန်ဖိုးသည် အခြေခံလူတန်းစားများအတွက် အခက်အခဲဖြစ်နိုင်သည်ဟု ဝေဖန်မှုများရှိသည်။ ရောင်းမကုန်၍ ထီထွက်ခါနီးတိုင်း ဈေးလျော့ရောင်းနေရသည်။  အခြေခံလခစားဝန်ထမ်းဖြစ်သည့် ကိုသိန်းဦးအတွက် အမြန် ဆုံးသူဌေးဖြစ်စေမည့်နည်းလမ်းက မြန်မာနိုင်ငံတွင် ထီပေါက်ရန် မှလွဲ၍ အခြားမရှိခြင်းကြောင့် ထီထိုးခြင်းဖြင့် သူ၏မျှော်လင့်ချက်ကို ထီလက်မှတ်များထံပုံအပ်ထားသည်။ ၀န်ဆောင်မှုကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်သည့်ကိုသိန်းဦး အနေဖြင့် လကုန်ရက်ရောက်သည်နှင့် ထီဆိုင်သို့သွားကာစိတ်ကြိုက်နံပါတ်ရွေး၍ ထီထိုးခြင်းကို လစဉ်မပျက်ပြုလုပ်လေ့ရှိသည်။



သို့သော် ကျပ်တစ်ထောင်တန်ထီထွက်ရှိလာပြီးနောက် သူဌေးမျှော်လင့်ချက်လက်တွေ့ပိုင်ဆိုင်ခွင့်မရမီ ရင်းနှီးရမည့်ထီလက်မှတ်ခကုန်ကျစရိတ်အတွက် စဉ်းစားရမည့်အကြောင်းဖန်လာသည်။

‘‘ငါးရာတန်ထီတုန်းကတော့ လစဉ် ၁၀ စောင်ထိုးနိုင်တယ်။တစ်ထောင်တန်ထီဖြစ်လာတော့ အရင်လို ၁၀ စောင်ထိုးဖို့မတတ်နိုင်ဘူး။ ပိုက်ဆံအပိုမရင်းနိုင်ဘူးပေါ့ဗျာ’’ ဟု ကိုသိန်းဦးက ဖွင့်ဟသည်။

တစ်ထောင်တန်ထီနှင့် ထီဝါသနာ ရှင်များ အခက်

ကျပ်တစ်ထောင်တန်ထီ ထွက်ရှိလာပြီးနောက် ယခင်ကဲ့ သို့ ထီထိုးရန် ကုန်ကျစရိတ်ကို တွက်ချက်လာရသည်မှာ ကိုသိန်း ဦးတစ်ယောက်တည်းတော့ မဟုတ်ပေ။

‘‘မျှော်လင့်စရာက ဒါပဲရှိ တော့ထိုးဖြစ်တယ်။ ပိုက်ဆံတစ် ယောက်တည်းမတတ်နိုင်တော့ နှစ်ယောက်စပ်ထိုးရတာပေါ့’’ ဟု မြောက်ဥက္ကလာပမြို့နယ်တွင် အိမ်ဆိုင်ဖွင့်လှစ်ထားသူ ဒေါ်အေး ၀င်းက ပြောသည်။

ယင်းသို့ဖြစ်ရပ်မျိုးသည် ကျပ်တစ်ထောင်တန်ထီထွက်ရှိ လာပြီးနောက် ထီဝါသနာရှင်အ ခြေခံလူတန်းစားများအကြား ကြုံ တွေ့လာရသည့် အခြေအနေဖြစ် သည်။

အောင်ဘာလေသိန်းဆုဌာန က ကျပ်ငါးရာတန်ရောင်းချဖွင့် လှစ်ခဲ့ရာမှ ယခုနှစ်ဖေဖော်ဝါရီ ကစ၍ ယင်းထီလက်မှတ်တန်ဖိုး ၏ နှစ်ဆဖြစ်သော ကျပ်တစ် ထောင်တန်ထီကို ဖြန့်ဝေရောင်းချ ခဲ့သည်။

ဖေဖော်ဝါရီတွင် ကျပ်ငါးရာ တန်ထီကို အက္ခရာအလုံးရေနှင့် စောင်ရေကိုလျှော့ချပြီး ကျပ်တစ် ထောင်တန်ထီကို ဈေးကွက်အ တွင်း အစားထိုးထည့်သွင်းခြင်း ဖြင့် အောင်ဘာလေသိန်းဆုဌာန က အပြောင်းအလဲတစ်ခုစတင်ခဲ့ သည်။

သို့သော် ကျပ်တစ်ထောင် တန်ထီမှာ ထီဝါသနာရှင်အခြေခံ လူတန်းစားများအတွက် ပုံမှန် ၀ယ်ယူကံစမ်းရန် စဉ်းစားရသည့် နှုန်းထားတစ်ခုဖြစ်သဖြင့် ယင်းထီ လက်မှတ်စတင်ရောင်းချချိန်က စ၍ ဝေဖန်မှုများနှင့်ကြုံခဲ့ရသည်။

လက်ရှိမြန်မာနိုင်ငံ၏ တစ် ရက်အခြေခံလုပ်ခလစာသည် ကျပ် ၄,၈၀၀ ဖြစ်၍ ထီတစ်စောင် ဈေးနှုန်းသည် တစ်ရက်လုပ်ခ၏ ၂၀ ရာခိုင်နှုန်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ထီလက် မှတ်အသစ်တန်ဖိုး ယခင်ကထက် ကြီးမြင့်သည့်အခြေအနေတွင်ရှိ နေသော်လည်း အရှေ့တောင် အာရှနိုင်ငံအချို့နှင့် ယှဉ်ပါက လျော့နည်းနေသေးသည်။

စင်ကာပူနိုင်ငံတွင် ထီလက် မှတ်တစ်စောင်တန်ဖိုး ကျပ် ၃,၀၀၀ ကျော်နှင့်ထိုင်းနိုင်ငံ၌ ကျပ် ၆,၀၀၀ ခန့်ရှိနေခြင်းကြောင့် ဖြစ်သည်။

သို့သော် ယင်းနိုင်ငံများတွင် ရရှိသည့်လုပ်ခလစာနှင့် ထီလက် မှတ်တန်ဖိုးကိုယှဉ်ပါက ပြောပ လောက်သည့် အနေအထား မဟုတ်ကြောင်း ထီလက်မှတ် ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင် နေသူအချို့က ပြောသည်။

‘‘သူများနိုင်ငံက ထီလက် မှတ်ဈေးက အောင်ဘာလေထီ ထက်ပိုများတာမှန်ပေမယ့် သူတို့ နိုင်ငံမှာရတဲ့လုပ်ခနဲ့ ဒီနိုင်ငံမှာ ရ တဲ့လုပ်ခကလည်း ကွာတယ်။ ကျွန်တော်တို့ဆီမှာက ထီတစ် စောင်ကျပ် ၅၀၀ က သင့်တင့်မျှ တမှုအရှိဆုံးပဲ’’ ဟု ပဲခူးမြို့မှ ထီ ဆိုင်ပိုင်ရှင်ကိုအောင်က မှတ် ချက်ပြုသည်။



ထီလုပ်ငန်းရှင်များ အထိနာခဲ့ သည့် တစ်ထောင်တန်ထီ

ယင်းကျပ်တစ်ထောင်တန် ထီစတင်ဖြန့်ဝေသည့်လမှာပင် ထီကိုယ်စားလှယ်များ အထိနာခဲ့ သည်။

ဖေဖော်ဝါရီတွင် ထီရောင်း ချရာမှ မကြုံဖူးသည့်ငွေကြေးဆုံး ရှုံးမှုကို ထီလုပ်ငန်းရှင်များရင်ဆိုင် ခဲ့ရပြီး နောက်လများတွင်လည်း ငွေကြေးဆုံးရှုံးမှုများက ရပ်တန့် မသွားပေ။

‘‘အစပိုင်းမှာ သိပ်မသိသာ ဘူး။ လကုန်ရက်နီးလာတဲ့အထိ ထီလက်ကျန်တွေပုံနေတော့ ထီ ကိုယ်စားလှယ်တွေလည်း လန့် လာကြတယ်’’ ဟု အမည်မဖော် လိုသူထီလုပ်ငန်းရှင်တစ်ဦးက ကျပ်တစ်ထောင်တန်ထီစတင် ရောင်းချသည့် ဖေဖော်ဝါရီအ တွင်း ကြုံတွေ့ခဲ့ရသည့်အခြေအ နေကို ပြောပြသည်။

ထို့ကြောင့် ထီရောင်းဝယ် ရေးလုပ်ငန်း လုပ်ကိုင်နေသူများ အနေဖြင့် ကျပ်တစ်ထောင်တန်ထီ ဖွင့်လှစ်မှု သုံးလတာကာလ (ဧပြီ လအထိ) သည် ယင်းလုပ်ငန်းလုပ် ကိုင်ခဲ့သည့် သက်တမ်းတစ် လျှောက် ငွေကြေးဆုံးရှုံးမှုအများ ဆုံး ဖြစ်ခဲ့သည်။

 ‘‘တစ်ယောက်နဲ့တစ် ယောက် ထီလက်မှတ်ရရှိတဲ့ ခွဲ တမ်းအပေါ် မူတည်ပြီးဆုံးရှုံးမှု တော့ မတူဘူး။ သေချာတာက တော့ အားလုံးက သူ့အတိုင်းအ တာနဲ့သူ ဆုံးရှုံးမှုပမာဏများ တယ်’’ ဟု ပန်းဘဲတန်းမြို့နယ်မှ ထီရောင်းဝယ်ရေး လုပ်သက် နှစ် ၃၀ကျော်ပြီဖြစ်သည့် ထီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထိုသို့ငွေကြေးဆုံးရှုံးမှုများ ရခြင်းသည် ထီလက်မှတ်မူရင်း ဈေးနှစ်ဆမြင့်သွားခြင်း၊ ထုတ် ဝေသည့်ထီအက္ခရာနှင့်စောင်ရေ များပြားခြင်းတို့ကြောင့်ဟု ထီ လုပ်ငန်းရှင်များက ထောက်ပြ သည်။

ထီလက်မှတ်တစ်စောင်လျှင် တစ်ထောင်ကျပ်သည်အခြေခံလူတန်းစားများအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် နှုန်းထားဖြစ်ကြောင်း ထီလုပ်ငန်းရှင်အချို့က ဆိုသည်။ ယင်းထီ၏ အမြင်ဆုံးဆုငွေသည် ကျပ် ၅၀၀ တန်ထီ၏ အမြင့်ဆုံး ဆုထက် ကျပ်သိန်းငါးထောင်သာပိုပြီး ကျပ်သိန်းတစ်သောင်းခွဲသာဖြစ်၍ထီဝါသနာရှင်များကို မဆွဲဆောင်နိုင်ခဲ့ကြောင်း ၎င်းတို့က သုံးသပ်သည်။

သို့သော် ကျပ်တစ်ထောင် တန်ထီတွင် ကျပ် ၅၀၀ တန်ထီ ထက် ဆုမဲအရေအတွက် နှစ်ဆ ကျော်တိုးမြှင့်ပေးခဲ့သည်။

ကျပ် ၂၀၀ တန်ထီနှင့် ကျပ် ၅၀၀ တန်အကူးအပြောင်းတွင် ကျပ် ၂၀၀ တန်ထီ၏ အမြင့်ဆုံး ဆုသည်ကျပ်သိန်း ၁,၅၀၀ သာရှိ ပြီး ကျပ် ၅၀၀ တန်ထီ၏ အမြင့် ဆုံးသည် ကျပ်သိန်းတစ်သောင်း ဖြစ်၍ ဆုငွေတန်ဖိုးများစွာကွာဟ ခဲ့သည်။

ထို့ကြောင့်ကျပ် ၅၀၀ တန် ထီမှာ ထီဝါသနာရှင်များ စိတ်ဝင် စားမှုကို ဖမ်းစားနိုင်ခဲ့သည်။

ကျပ် ၅၀၀ တန်ထီကို ၂၀၁၇ မတ်လတွင် စတင်ရောင်းချခဲ့ကာ ယင်းထီဖွင့်လှစ်ပြီး ၂ နှစ်ခန့်အ ကြာ (၂၀၁၉ ဖေဖော်ဝါ ရီ) တွင် ကျပ်တစ်ထောင်တန်ထီကို ဖြန့် ဝေရောင်းချခဲ့သည်။

ဖေဖော်ဝါရီသည် ထီဈေး ကွက်တွင် ရောင်းအားကျဆင်း လေ့ရှိသည့် လများအနက် တစ် လဖြစ်ပြီး ယင်းလတွင် ကျပ်တစ် ထောင်တန်ထီ စတင်ရောင်းချခဲ့ ခြင်းကြောင့်လည်း ထီလက်ကျန် များပြီး ငွေကြေးဆုံးရှုံးမှု ပိုမိုဖြစ် ပေါ်စေခဲ့သည်ဟု ထီလုပ်ငန်းရှင် များက ဆိုသည်။

‘‘ဘယ်လိုတွက်ချက်ပြီး ဖေ ဖော်ဝါရီလမှာ ထီအသစ်စဖြန့်လဲ ဆိုတာ စဉ်းစားလို့မရဘူး။ ဖေ ဖော်ဝါရီ၊ မတ်၊ ဧပြီက စားမေးပွဲ၊ ခရီးသွားရာသီ၊ ပိတ်ရက်များတဲ့ လတွေဖြစ်လို့ ပုံမှန်တောင်ထီ ရောင်းအားကျလေ့ရှိတာ’’ ဟု ပန်းဘဲတန်းမြို့နယ်မှ ထီလုပ်ငန်း ရှင်တစ်ဦးက ပြောသည်။

ထိုသို့ ထီလက်မှတ်အမျိုးအ စား အသစ်ရောင်းချစဉ် ငွေကြေး ဆုံးရှုံးရမှု အကြောင်းတစ်ရပ်မှာ ယခင်ထီအမျိုးအစားကို ချက်ချင်း မရပ်ဘဲ ထီအသစ်နှင့် အပြိုင်သုံး လတာ ရောင်းချစေမှုကြောင့် လည်း ဖြစ်သည်ဟု၎င်းကဆို သည်။

ကျပ် ၅၀၀ တန်ထီစတင် ထွက်ရှိစဉ်က အပြိုင်ရောင်းချရ သည့် ထီလက်မှတ်တန်ဖိုးသည် ကျပ် ၂၀၀ သာဖြစ်၍ လက်ကျန် ဖြစ်ပေါ်သော်လည်း ငွေကြေးဆုံး ရှုံးမှုအနည်းငယ်သာရှိခဲ့သည်။

ယခုကျပ်တစ်ထောင်တန် ထီမှာမူ ထီလက်မှတ်အသစ်တန် ဖိုးကြီးမြင့်ပြီး အပြိုင်ရောင်းချရ သည့်ထီသည် ကျပ် ၅၀၀ တန်ဖြစ် ၍ လက်ကျန်အရေအတွက်အပေါ် မူတည်၍ ငွေကြေးဆုံးရှုံးမှု ပိုများ စေခဲ့သည်။

ထို့ကြောင့် ထီလုပ်ငန်းရှင် များအနေဖြင့် ဖေဖော်ဝါရီနှင့် မတ်လတွင် ထီလက်မှတ်ခွဲတမ်း ရရှိမှုနှင့် ထီလက်ကျန်အရေအ တွက်အပေါ် မူတည်၍ တစ်လ လျှင် ကျပ်သိန်း ၂၀၀ မှ အများ ဆုံး ကျပ်သိန်းထောင်ချီ၍ ငွေ ကြေးဆုံးရှုံးမှုရှိကြောင်း ဆိုသည်။

ဖေဖော်ဝါရီတွင် ထီဆိုင်များ ၌ လက်ကျန်ပမာဏများနေသ ဖြင့် တရားဝင်ဈေး၏ ထက်ဝက် အထိ ထီလက်မှတ်များကို ဈေး လျှော့ရောင်းချမှုများ ရှိခဲ့သည်။ ထီဈေးကွက်တွင် မကြုံဖူးသော အခြေအနေမျိုးများ ကျင့်သုံးလာ ရသည်အထိ အခြေအနေဆိုးရွား ခဲ့သည်။

အဆိုပါကျပ်တစ်ထောင် ဆု စတင်ရောင်းချသည့် ပထမနှစ်လ တွင် ထီလက်မှတ်နှစ်မျိုးအပြိုင် ရောင်းချ၍ အရှုံးပေါ်မှု ပမာဏ များသောကြောင့် ဧပြီလတွင် ထီကိုယ်စားလှယ်များက ကျပ် ၅၀၀ တန်ထီကို အာမခံငွေအဆုံး ခံကာ ထုတ်ယူခြင်းမရှိဘဲ ကျပ် တစ်ထောင်တန်ထီ တစ်မျိုးတည်း သာ ရောင်းချခဲ့သည်။

အချို့ ထီကိုယ်စားလှယ်များ သည် ကျပ်တစ်ထောင်တန်ထီကို လည်း အာမခံငွေအရှုံးခံ၍ ဝယ် ယူရန် စာရင်းပေးထားသည့် ထီ စောင်ရေထက် လျှော့ချဝယ်ယူမှု များပင်ရှိခဲ့သည်။

‘‘အရှုံးတော့ သက်သာသွား တာပေါ့။ တစ်ထောင်တန်ထီက အက္ခရာလုံးရေများနေသေးတော့ လက်ကျန်ရှိတယ်။ အဲဒီတော့ ငွေ ကြေးဆုံးရှုံးမှုကလည်းရှိတုန်းပဲ’’ ဟု အမည်မဖော်လိုသူ အသက် (၅၀) အရွယ် ထီလုပ်ငန်းရှင်တစ် ဦးက ပြောသည်။

အောင်ဘာလေသိန်းဆု ဌာနထုတ်ပြန်ချက်အရ ဧပြီတွင် စာရင်းပေးပြီး ထုတ်ယူခြင်းမရှိ သည့် ထီအုပ်ရေ ၂၆၀,၀၀၀ ကျော် (စောင်ရေ ၂ ဒသမ ၈ သန်းကျော်) ရှိခဲ့သည်ဟုဆိုသည်။

ထို့အပြင် မတ်လကလည်း ကျပ်တစ်ထောင်တန်ထီအုပ်ရေ လေးသိန်းကျော် (စောင်ရေ ၄ ဒသမ ၄ သန်းကျော်) ကို ထုတ် ယူခြင်းမရှိပေ။

ထိုသို့ ထီလက်မှတ်များ ထုတ်ယူခြင်းမရှိသည့်အရေအ တွက်သည် အောင်ဘာလေထီ သက်တမ်းတစ်လျှောက် အများ ဆုံးစံချိန်လည်း ဖြစ်သည်။

အစိုးရအမြတ်ထွက်တဲ့ တစ် ထောင်တန်ထီဈေးကွက်

ကျပ်တစ်ထောင်တန်ထီ ကြောင့် အခြေခံလူတန်းစားထီဝါ သနာရှင်များနှင့် ထီလုပ်ငန်းရှင် များက အဆင်မပြေဟုဆိုသည့်  ညည်းတွားချက်များကြားသိရပြီး နောက်မည်သူကအကျိုးအမြတ်   ပိုရသည်ဆိုသည့် မေးခွန်က လည်းရှိနေသည်။

ယင်းထီဖွင့်လှစ်မှုကြောင့်အ ကျိုးအမြတ်အများဆုံးပိုင်ဆိုင်ခွင့်ရရှိသူသည် နိုင်ငံတော်အစိုးရပင် ဖြစ်သည်ဟု ထီလုပ်ငန်းရှင်အများ စုကဆိုသည်။

ကျပ်တစ်ထောင်တန်ဖွင့် လှစ်ခဲ့သည့် သုံးလတာကာလအ တွင်းထုတ်ပြန်ချက်စာရင်းများအ ရ နိုင်ငံတော်ကရရှိသည့် ၀င်ငွေ သည် ပိုမိုတိုးပွားလာသည်။‘‘နိုင်ငံ တော်ကနေ အောင်ဘာလေထီက နေရတဲ့ဝင်ငွေကနှစ်ဆမကတိုး သွားတယ်။ ဒါကသိသာတဲ့အ ချက်ပဲ’’ ဟု ထီလုပ်ငန်းရှင်တစ်ဦး ကပြောသည်။

နိုင်ငံက ထီရောင်းချငွေ၏ ၆၀ ရာခိုင်နှုန်းကို ဆုငွေအဖြစ်ပြန် ထုတ်ပေးကာ ကျန် ၄၀ ရာခိုင် နှုန်းကို နိုင်ငံ့ဘဏ္ဍာအဖြစ်ရယူ သည့်စနစ်ကို ကျင့်သုံးခြင်းဖြစ် သည်။

အောင်ဘာလေသိန်းဆုဌာန  သည် ကျပ် ၅၀၀ တန်ပထမဆုံး   ဖွင့်လှစ်သည့်လက ထီလက်မှတ် ရောင်းရငွေ ကျပ်သန်း ၁၄,၀၀၀ ကျော်ရှိပြီး၊ ကျပ်သန်း ၈,၈၀၀ ကျော်ကို ဆုငွေအဖြစ်ခွဲ ဝေပေးသဖြင့် နိုင်ငံ့ဘဏ္ဍာအဖြစ် ကျပ် သန်း ၅,၈၀၀ ကျော်ရရှိခဲ့သည်။

ကျပ်တစ်ထောင်တန်ထီစ တင်ဖွင့်လှစ်သည့်လတွင် ထီ လက်မှတ်ရောင်းရငွေကျပ်သန်း ၃၂,၀၀၀ ကျော်ရှိပြီး ခွဲဝေပေး သည့် ဆုငွေကျပ်သန်း ၁၉,၀၀၀ ကျော်ရှိရာ နိုင်ငံ့ဘဏ္ဍာအဖြစ် ကျပ်သန်း ၁၃,၀၀၀ ကျော်ရရှိခဲ့ သည်။

ထို့ကြောင့် ကျပ်ငါးရာတန် ထီပထမဆုံးဖွင့်လှစ်စဉ်လက ထက် ကျပ်တစ်ထောင်တန်ထီစ ဖွင့်သည့်လတွင် ကျပ်သန်း ၇,၂၀၀ အထိနိုင်ငံ့ဘဏ္ဍာပိုမိုရရှိ ခဲ့သည်။

ထို့အပြင် ကျပ်တစ်ထောင်   တန်ထီဖွင့်လှစ်သည့် သုံးလတာ အတွင်း နိုင်ငံ့ဘဏ္ဍာရရှိငွေသည် ကျပ်သန်း ၃၅,၀၀၀ ကျော်ရှိခဲ့ပြီး ကျပ်ငါးရာတန်ထီဖွင့်လှစ်စဉ်က ထက် ကျပ်သန်း  ၁၈,၀၀၀ ကျော် ပိုများသည်။

အဆိုပါငွေပမာဏသည် ထီ  လက်မှတ်ရောင်းရငွေမှ အသား တင်ရရှိသည့်ဘဏ္ဍာငွေသာဖြစ် ပြီး ထီဆုမဲများထဲမှထုတ်ယူခြင်း   မရှိသည့် ဆုငွေကိုလည်း နိုင်ငံ့ ဘဏ္ဍာအဖြစ်ထပ်မံရရှိဦးမည်ဖြစ် သည်။

ထို့ကြောင့် အောင်ဘာလေ ထီလက်မှတ်တန်ဖိုးကြီးမြင့်လာ သည်နှင့်အမျှ နိုင်ငံတော်က ရရှိ သည့် ၀င်ငွေပမာဏလည်း ပိုများ စေသဖြင့် ကျပ်တစ်ထောင်တန်ထီ အကူးအပြောင်းသည် အစိုးရအ တွက် အခွင့်အားသာချက်ပိုရှိနေ ခြင်းဖြစ်ကြောင်း စောင့်ကြည့်လေ့ လာသူများကဆိုသည်။

တစ်ထောင်တန်ထီပြောင်းရခြင်း ရှင်းလင်းချက်

ထီဈေးကွက်တွင် ထီလက် မှတ်တစ်မျိုးတည်းကို အချိန်ကြာ မြင့်စွာရောင်းချပါက ဈေးကစား မှုများဖြစ်ပေါ်လာနိုင်သဖြင့် ဈေး ကွက်အခြေအနေအပေါ်မူတည်  ၍ ပြောင်းလဲရခြင်းဖြစ်သည်ဟု  အောင်ဘာလေသိန်းဆုဌာန ညွှန် ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

ထိုသို့ထီလက်မှတ်တစ်ခု နှင့် တစ်ခုအကူးအပြောင်းတွင် ယခုကဲ့သို့ရိုက်ခတ်မှုများရှိခြင်း သည် ဖြစ်လေ့ဖြစ်ထရှိသည့် သဘောဖြစ်သည်ဟုလည်း ၎င်း က မှတ်ချက်ပြုသည်။

လက်ရှိတွင် ကျပ်တစ် ထောင်တန်ထီလက်မှတ်သည် အ ခြေခံလူတန်းစားများအတွက်ပုံ မှန်ဝယ်ယူကံစမ်းရန်ဈေးနှုန်းအား ဖြင့်အခက်အခဲရှိစေသည်ဟု ဝေ ဖန်မှုများရှိနေသော်လည်း စစ် တမ်းကောက်ယူပြီးမှသာ ယင်းထီ  ကို ရိုက်နှိပ်ရောင်းချခြင်းဖြစ်သည် ဟု ဦးမင်းထွဋ်က တုံ့ပြန်သည်။

‘‘ကိုယ်တို့က တစ်ခုခုလုပ် မယ်ဆိုရင် စစ်တမ်းကောက်ပြီး  မှလုပ်တာ၊ ဒီလိုမျိုးတစ်ခုခု ပြောင်းရင်ဖြစ်တတ်တာပဲ။ကြိုက်  တဲ့သူရှိသလိုမကြိုက်တဲ့သူလည်း   ရှိတာပဲ’’ ဟု ဦးမင်းထွဋ်ကပြတ် ပြတ်သားသားဆိုသည်။

ထို့အပြင် ယခုရောင်းချနေ သည့် ကျပ်တစ်ထောင်တန်ထီကို အမှန်တကယ်ထီဝါသနာပါသူ များကပို၍ စိတ်ဝင်စားမှုရှိနေ သည်ဟု ၎င်းကဆိုသည်။

ထီလုပ်ငန်းရှင်များအနေဖြင့်  အရင်းနည်းနည်းနှင့် အမြတ်များ များယူချင်သည့် သဘောသဘာဝ ကြောင့် ယခုကဲ့သို့ဝေဖန်မှုများ   ရှိနေရခြင်းဖြစ်သည်ဟု ဦးမင်း ထွဋ်က ဆိုသည်။

‘‘ကျွန်တော်တို့ကတော့ ထီ လောကနဲ့အသက်မွေးတဲ့သူတွေ ကိုလည်းဦးစားပေးရတယ်။ ထီ ထိုးတဲ့သူတွေကိုလည်း စဉ်းစား ပေးရတယ်။ နိုင်ငံတော်အတွက် လည်း စဉ်းစားပေးရတယ်။ အား လုံးကတော့ကိုယ်လိုချင်တဲ့ အယူ အဆထပ်တူမဟုတ်တဲ့အတွက် ကြောင့် ရာနှုန်းပြည့်ပြီးပြည့်စုံဖို့ တော့မဖြစ်နိုင်ဘူး’’ ဟု ၎င်းက ပြောသည်။

မည်သို့ပင်ဖြစ်စေ ကျပ်တစ် ထောင်တန်ထီဖွင့်လှစ်ခဲ့သည့် ဖေဖော်ဝါရီကစတင်ကာ ထီဈေး ကွက်တွင် ရိုက်ခတ်မှုများဆက် ရှိနေဆဲဖြစ်သည်။ ထီဆုငွေဖြင့် သူဌေးအိပ်မက်မက်နေသူများအ တွက် ထီလက်မှတ်ဈေးတိုးမြင့် သွားသော်လည်း လစဉ်ကံစမ်းမှု ကို စွန့်ပစ်ရန်မဖြစ်နိုင်သေးပေ။  ‘‘ဘ၀မှာ မျှော်လင့်စရာဒါပဲ ရှိတော့ ရှိတဲ့ငွေနဲ့အိပ်မက်ဆက် နေရဦးမှာပဲ’’ ဟု ကိုသိန်းဦးက ရေရွတ်သည်။

No comments:

Post a Comment