Sunday, May 12, 2019

ယုဇနဥယျာဉ်မြို့တော်ပြည်သူများ သောက်သုံးရေဝယ်ယူသုံးစွဲနေကြရ

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် (၉၄)ရပ်ကွက် ယုဇန ဥယျာဉ်မြို့တော် အေ၊ ဘီ၊ စီဘလောက်လမ်း အလိုက် တိုက်ခန်းပေါင်း ၉၀ဝ၀ ကျော်တွင် လူဦးရေ ၅၀ဝ၀ဝ ကျော်နေထိုင်လျက်ရှိရာ ပြည်သူများသည် (၉၂)ရပ်ကွက် စစ်တောင်း ရိပ်မွန် ပိတောက်ကွေ့လမ်းမဘေးရှိ ရေဂါလန် ၆၀ဝ၀ဝ၀ ဆံ့ ရေစုကန်မှတစ်ဆင့် အလှည့်ကျ လမ်းအလိုက် ဖြန့်ဖြူးပို့လွှတ်သည့် ရေကို နေ့စဉ်နှင့်အမျှ သုံးစွဲနေရသည်။



အလှည့်ကျရေဖြန့်ဖြူး ပို့လွှတ်ပေးသော် လည်း လမ်းအလိုက်ရှိ အချို့တိုက်ခန်းများသို့ ရေမရောက်၍ (၉၃)ရပ်ကွက်မှ ထွက်ရှိသည့် အဝီစိတွင်းရေကို ရေသယ်ယာဉ်ဖြင့် ရေတစ် စည် ကျပ် ၁,၅၀ဝ နှုန်းနှင့် လမ်းအလိုက် တိုက်ခန်းမျာ ဝယ်ယူသုံးစွဲနေရသည်မှာ ရက် ပေါင်းကြာညောင်းပြီဖြစ်ကြောင်း (၁၀)လမ်း (ဘီ)ရာအိမ်မှူး ဦးဟန်ထွန်းက မေ ၁၁ ရက် နံနက်ပိုင်းတွင် မြန်မာတိုင်းမ်နေ့စဉ်သို့ပြော ဆိုသည်။

ယခင်ပုံမှန်အတိုင်း ရေရရှိရေးအတွက် တာဝန်ရှိသူ၊ တာဝန်ခံသူနှင့် တာဝန်ယူသူ များသိစေရန် ၁၀ လမ်း (ဘီ)လမ်းထိပ်တွင် သင်ပုန်းကြေညာဖြင့် သက်ဆိုင်ရာသို့ အသိပေး ကြေညာထားသည်ကိုတွေ့ရသည်။

ယုဇနဥယျာဉ်မြို့တော် ရပ်ကွက်အတွင်း လမ်းအလိုက် ရေဖြန့်ဖြူးပေးသည့်ရေပိုက် လိုင်းဘား ၂၀ဝ ကျော်ရှိသည့်အနက် အချို့ ဘားများမှာ ပျက်စီးချွတ်ယွင်းလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment