Sunday, May 12, 2019

အမျိုးသားပန်းချီဆရာရေးတဲ့ “ထဘီကိစ္စ” တစ်ကိုယ်တော်ပန်းချီပြပွဲ

Image may contain: indoorImage may contain: textအမျိုးသမီးတွေ ၀တ်ဆင်ထားခဲ့ဖူးတဲ့ ထမီစပေါ်မှာ အခရိုင်းလစ်ဆေးနဲ့ ရေးဆွဲထားတဲ့ ပန်းချီကား ၂၄ ကားကို ရန်ကုန်မြို့ ၊ River Gallery မှာပြသနေသည်ကို မေ ၁၁ ရက်က တွေ့မြင်ရစဉ်။ နယ်ပယ်အသီးသီးက အမျိုးသမီးတွေရဲ့ စကားသံတွေပါဝင်တဲ့ ပန်းချီဆရာ ထိန်လင်းရဲ့ “ထဘီကိစ္စ” တစ်ကိုယ်တော်ပန်းချီပြပွဲကို မေ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပြသနေတာပါ။ ထဘီက ဘုန်းနိမ့်စေသလား ဆိုတာနဲ့ပတ်သက်ပြီး “အဲ့ဒီမေးခွန်းနဲ့ ပတ်သက်ပြီး လူတွေက ယုံကြည်နေတုန်းလား၊ မယုံကြည်တော့ဘူးလား၊ အဲ့ဒါနဲ့ပတ်သက်ပြီး ပြန်စဉ်းစားကြဖို့ အချိန်ရောက်ပြီ၊ ပြန်စဉ်းစားစေချင်တယ်” လို့ ပန်းချီဆရာက ပြောပါတယ်။

No comments:

Post a Comment