Sunday, May 12, 2019

မုန်တိုင်းကယ်ဆယ်ရေး နှေးကွေးလို့ ဆန္ဒပြ

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က အိန္ဒိယနဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွေကို ၀င်ရောက်ခဲ့တဲ့ ဖန်နီ ဆိုင်ကလုံးမုန်တိုင်းကြောင့် အရှေ့အိန္ဒိယမှာ သန်းနဲ့ ချီတဲ့လူတွေ လျှပ်စစ်မီးမရဖြစ်နေပြီး တချို့နေထိုင်စရာ အိမ်မရှိဖြစ်နေလို့ ဆန္ဒပြမှုတွေဖြစ်ပွားနေတယ်လို့ စနေနေ့က အာဏာပိုင်တွေက ပြောပါတယ်။



ဒေါသထွက်နေတဲ့ ဒုက္ခသည်တွေက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ နှေးကွေးနေတာကြောင့် ဆန္ဒပြနေတာပါ။ မုန်တိုင်းကြောင့် အိမ်ခြေ ငါးသိန်းလောက် ပျက်စီးခဲ့ပြီး မွေးမြူထားတဲ့ တိရိစ္ဆာန် ကိုးသန်း နီးပါး ထိခိုက်ခဲ့သလို မွေးမြူရေး ကြက်ငှက် ၄ သန်းလောက် ပျက်စီးခဲ့ပါတယ်။
တိုက်ခတ်သွားတဲ့ မုန်တိုင်းဟာ တစ်နာရီ ၁၂၅ မိုင်နှုန်းရှိပြီး အိန္ဒိယနိုင်ငံ အိုဒိရှပြည်နယ်မှာ လူ ၄၂ ဦး သေဆုံးခဲ့ပါတယ်။ ခုလို အသေအပျောက်နည်းရခြင်းဟာ မုန်တိုင်းမလာခင် ကြိုတင် ရွှေ့ပြောင်းတာတွေ လုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။

No comments:

Post a Comment