Sunday, May 12, 2019

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ပိတ်ခဲ့ရသည့် စာသင်ကျောင်းပေါင်း ၄၂၄ ကျောင်းအနက် ကျောင်း ၃၄၀ ကျော် ပြန်လည်ဖွင့်လှစ်

ရခိုင်ပြည်နယ်အတွင်းအကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ပိတ်ခဲ့ရသည့် စာသင်ကျောင်းပေါင်း ၄၂၄ ကျောင်းအနက်ကျောင်း ၃၄၄ ကျောင်း ပြန်လည်ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းဆောင် ရွက်မှု အစီရင်ခံစာ၌ ဖော်ပြချက်အရ သိရသည်။



ပြီးခဲ့သည့်နှစ်အတွင်းက ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းသားကျောင်းသူ ၂၁၈၉ ဦးအတွက် ပညာသင်စရိတ်ကျပ် ၂၈ ဒသမ ၅၃ သန်းနှင့် ကျပ်ရှစ်သန်းတန်ဖိုးရှိ ကျောင်းဝတ်စုံအထည် ၄၀၀၀ တို့ကိုထောက် ပံ့ခဲ့ကြောင်း၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များရှိ ဆရာ၊ ဆရာမ ၄၅၀ အတွက် ကျပ်၂၂ ဒသမ ၅ သန်း ထောက်ပံ့ခဲ့ပြီး ဝန်ထမ်းများ၏လုံခြုံရေးကို အစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒေသနေ အဝေးသင်တက္ကသိုလ် မွတ်စလင်ကျောင်းသားကျောင်း သူများ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် အစိုးရ စက်မှုလက်မှုသိပ္ပံ (သံတွဲ) တွင်၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂၉ ရက် အထိ အဝေးသင်တက္ကသိုလ် ကျောင်းသား ကျောင်းသူ ၆၁ ဦးကို အနီးကပ် သင်တန်းများ ဖွင့်လှစ်ပို့ချပြီး စာမေးပွဲဖြေဆိုနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဝေးသင်တက္ကသိုလ် (စစ်တွေဌာနခွဲ) တွင် မွတ်စလင် ကျောင်းသားကျောင်းသူ ကိုးဦး၊ (တောင်ကုတ်ဌာနခွဲ) တွင်မွတ်စလင် ကျောင်းသားကျောင်းသူ ၃၉ ဦးကို ကျောင်းဝင်ခွင့် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဒေသနေ မွတ်စလင် အသိုင်းအဝိုင်းရှိ ကလေးသူငယ်များကို အခြေခံမြန်မာစာ အပြော၊ အရေး၊ အဖတ် ကျွမ်းကျင်စေရေးအတွက် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းကို Pilot Project အဖြစ် ရွှေဇား၊ မောင်နီရွာ၊ ပန်းတောပြင်၊ ရွှေ ဇားစေတီပြင်နှင့် သရက်အုပ် ကျေးရွာများတွင် သတ်မှတ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် IDP စခန်းများမှ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရေးအတွက် သက်ကယ်ပြင်ရွာမ (မူလွန်) ကျောင်း၊ သင်ဂနက် (မူလွန်)ကျောင်း၊ သာယာကုန်း (မူလွန်) ကျောင်းများ ဖွင့်လှစ်ထားရှိရာ အဆိုပါကျောင်းများမှ အလယ်တန်းအဆင့် အောင်မြင်သူများအား သက်ကယ်ပြင်ကုန်း အထက်တန်းကျောင်းတွင် ဆက်လက်သင် ကြားနိုင်ရေး ဆောင်ရွက်ထားရှိကြောင်းနှင့် ဆရာအတတ် ပညာသင်တန်း မပြီးဆုံးသေးသူများကို ဆရာဖြစ်သင်တန်းရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျပ်ဘီလျံ ၁၂၀၀ ကျော် တင်ပြတောင်းခံထားကြောင်းနှင့် ဘတ်ဂျက်များကို ဇန်နဝါရီ ၁၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ် တော် အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လအတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျပ် ၈၀၇ ဒသမ ၁၄၆၅၅၂ ဘီလျံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကျပ်ဘီလျံ ၄၁၀ ကျော်ကို ပြည် ထောင်စုဝန်ကြီးများက ပြည်ထောင်စုလွှတ်တော်တွင် တင်ပြတောင်းခံထားကြောင်း သိရသည်။

No comments:

Post a Comment