Sunday, May 12, 2019

အစိုးရသက်တမ်းသုံးနှစ်ကျော်ချိန်တွင် မီဒီယာနှင့် ဆက်ဆံရေးကောင်းအောင် လုပ်မည်ဟု ဦးဖြိုးမင်းသိန်းဆို

ရန်ကုန်တိုင်းအစိုးရ သက်တမ်းသုံးနှစ်အတွင်း သတင်း မီဒီယာနှင့်ကောင်းမွန်သည့်ဆက် ဆံရေးတည်ဆောက်နိုင်မှုမရှိခြင်း က အားနည်းချက်တစ်ခုဖြစ်ခဲ့ သည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောသည်။  ရန်ကုန်တိုင်းအစိုးရသက် တမ်းသုံးနှစ်အတွင်း မှားယွင်း သည့် ဆောင်ရွက်ချက်၊ စိန်ခေါ် မှုများနှင့်ပတ်သက်၍ မေလ ၁၀ ရက်က ရန်ကုန်မြို့ရှိ LOTTE ဟို တယ်၌ ပြုလုပ်သော ရန်ကုန်ရင်း နှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ တွင် ပါဝင်သော အဖွဲ့လိုက်ဆွေးနွေးပွဲတစ်ခု ၌ ဝန်ကြီးချုပ်က ပြောကြားသည်။



ပြည်ပနှင့် ပြည်တွင်းစီးပွား ရေးလုပ်ငန်းရှင်များတက်ရောက် သော ဆွေးနွေးပွဲတွင် မီဒီယာများ အား တိုင်းအစိုးရ၏ဆောင်ရွက် ချက်များ ရှင်းမပြနိုင်ခြင်းနှင့်ပတ် သက်ပြီး ဝန်ကြီးချုပ်က ပြောကြား သည်။

‘‘ကျွန်တော်တို့အခြေအနေ တော်တော်များများကို အကျအန ရှင်းပြဖို့ တော်တော်ခက်ခဲပါတယ်။ လိုအပ်ချက်တွေ ရှိပါတယ်။ ဒီလိုအပ်ချက်တွေကို သတင်းမီဒီယာ တွေနဲ့ ပေါင်းလုပ်ချင်ပါတယ်’’ဟု ဦးဖြိုးမင်းသိန်းက ဆွေးနွေးပွဲတွင် ပြောကြားသည်။

ထို့အပြင် အစိုးရလက်ကျန် သက်တမ်းအတွင်း သတင်းမီဒီ ယာများနှင့် နီးစပ်ရန် တစ်လလျှင် နှစ်ကြိမ်ခန့် တိုင်းအစိုးရရုံးတွင် တွေ့ဆုံမည့် အစီအစဉ်ကိုလည်း ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် သီး သန့်သတင်းစာ  ရှင်းလင်းပွဲ၌ ဝန်ကြီးချုပ်က ပြောကြားသည်။

သတင်းမီဒီယာကောင်စီအ ကူအညီဖြင့် မီဒီယာများနှင့် တွေ့ဆုံမည်ဟု ရှင်းပြသည်။

‘‘တွေ့ဆုံတဲ့အကြိမ်ရေတို့၊ တွေ့ဆုံမယ့် အစီအစဉ်တွေက ကောင်စီကနေ လုပ်တာ ကောင်း တယ်လို့ မြင်ပါတယ်။ သို့သော် လည်း တကယ်တမ်းတော့ မီဒီယာက သူ့အလုပ် သူလုပ်တာပဲဆိုတာ နားလည်ဖို့ လိုပါတယ်’’ဟု မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီ တွဲ ဖက်အတွင်းရေးမှူး(၁) ဦးမြင့် ကျော်က ပြောသည်။

မီဒီယာ၏ ဝေဖန်ပြောဆိုမှု များက ပုဂ္ဂိုလ်ရေး၊ ပါတီစွဲအရ တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ အ များပြည်သူအကျိုးစီးပွား၊ အများ ပြည်သူသိသင့်သိထိုက်သည့် ရှု ထောင့်အရ ရပ်တည်ဆောင်ရွက် ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါအခြေအနေကို နားလည်မည်ဆိုပါက မီဒီယာဆက်ဆံရေးက ချောမွေ့ အဆင်ပြေမည်ဟု ဦးမြင့်ကျော်က ပြောသည်။

ဝန်ကြီးချုပ်က ပြည်ပမီဒီယာ အချို့နှင့် ပြည်တွင်းရုပ်သံမီဒီယာ အချို့မှ လွဲ၍ ပြည်တွင်းထုတ် သတင်းစာ၊ ဂျာနယ်များကို သီး သန့်အင်တာဗျူးပေးလေ့မရှိဘဲ သတင်းစာရှင်းလင်းပွဲအချို့၊ အ ခမ်းအနားအချို့တွင် တိုင်းအစိုး ရသတင်းများကို မီဒီယာများကရယူဖော်ပြနိုင်သည်။ ၂၀၁၆ က Eleven Media Group စီအီးအို နှင့် အယ်ဒီတာချုပ်ကို ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ရန် ကုန်တိုင်းအစိုးရက တရားစွဲပြီး ၂၀၁၈ တွင် Weekly Eleven ဂျာနယ်အယ်ဒီတာချုပ်၊ တာဝန်ခံ အယ်ဒီတာနှင့် သတင်းထောက် ချုပ်တို့ကို ပုဒ်မ ၅၀၅(ခ) ဖြင့် အမှု ဖွင့်ခဲ့သည်။

လက်ကျန်သက်တမ်းအ တွင်း မီဒီယာများနှင့်ဆက်ဆံရေး ကောင်းမွန်ရန် ပြောင်းလဲလာခြင်း နှင့် ပတ်သက်ပြီး ‘‘ဒါဟာ မဟာဗျူဟာအရ အရေးပါတယ်လို့ ပြောလို့ရပါတယ်’’ဟု ဦးမြင့်ကျော်က သုံးသပ်သည်။  ၂၀၂၀ တွင် ရွေးကောက်ပွဲ ကျင်းပရန် လက်ရှိအစိုးရက စီစဉ် ထားသည်။ ရွေးကောက်ပွဲမတိုင်မီ မီဒီယာ၏အခန်းကဏ္ဍက အရေး ကြီးခြင်းကြောင့်  ဆက်ဆံရေး ကောင်းမွန်ရန် လိုအပ်သည်ဟု ဦးမြင့်ကျော်က ဆိုသည်။

No comments:

Post a Comment