Sunday, May 12, 2019

ရန်ကုန်တိုင်းအစိုးရက မဟာဗျူဟာကျ လုပ်ကိုင်လိုသည့် စီမံကိန်း ၈၀ ကို မိတ်ဆက်

ရန်ကုန်တိုင်းအတွင်း အစိုးရက မဟာဗျူဟာကျလုပ် ကိုင်လိုသည့် စီမံကိန်း ၈၀ ကို စီမံကိန်းဘဏ်(Project) တွင် ထည့်သွင်းထားပြီး တိုင်းအစိုးရက ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ်၌ စတင်မိတ်ဆက်ခဲ့သည်။ ထိုစီမံကိန်းများသည် ရန်ကုန်တိုင်းအစိုးရ၊ ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ၊ တိုင်း စည်ပင်သာယာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနတို့က အကောင်အ ထည်ဖော်လိုသည့်  စီမံကိန်းများ ဖြစ်သည်။


  ထိုစီမံကိန်းများသည် ရန်ကုန်တိုင်းဒေသကြီးအတွက် သာမက နိုင်ငံဖွံ့ဖြိုးရေး ပဓာနကျ သော ဦးစားပေးစီမံကိန်းများဖြစ် သည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ထိုစီမံကိန်း ၈၀ တွင် ရန်ကုန်တိုင်းအစိုးရ၏ မြို့သစ်စီမံကိန်း၊ အိမ်ရာစီမံကိန်း၊ စက်မှုဇုန်၊ ဆိပ်ကမ်း၊ ငါးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ပညာရေးဆိုင်ရာ စီမံကိန်း ၁၆ခု၊ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ၏ ပန်းခြံ၊ ဈေးနှင့် ရေလုပ်ငန်းဆိုင်ရာ စီမံကိန်း ၁၁ ခု ၊ တိုင်းဒေသကြီး စည်ပင်သာ ယာရေး  ၀န်ကြီးဌာန၏ စက်မှုဇုန်၁၁ ခု၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန၏  လမ်း၊ အိမ်ရာနှင့် စက်မှုဇုန်စီမံကိန်း ၁၁ ခုနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာ န၏ ရထားပို့ဆောင် ရေးစီမံကိန်း နှင့် ဘူတာရုံများ ပြန်လည် အဆင့်မြှင့်ရေး စီမံကိန်း ၁၁ ခု ပါဝင် သည်။

ထိုစီမံကိန်းများအနက် အစိုးရကျန် သက်တမ်းတွင် ဆောင်ရွက်လိုသည့် စီမံကိန်းများနှင့်ပတ်သက်၍ ဦးဖြိုးမင်းသိန်းက ‘‘ကျန်တဲ့ ၂ နှစ်အတွင်းမှာ အမြန်ဆုံးလုပ်ချင်တာ TOD (အိမ်ရာစီမံကိန်းများကို သယ်ယူပို့ ဆောင်ရေးကဏ္ဍများနှင့် ချိတ်ဆက်ဆောင်ရွက်သည့် မြို့ပြစီမံကိန်း) တွေကို မြန်မြန်လုပ်ချင်ပါတယ်။ ခရီးသွားလာမှုလည်း လွယ်ကူမယ်။နေထိုင်သူလည်း အဆင်ပြေနိုင်မယ့် ရထားလမ်း၊ ကားလမ်းတွေ ကို ချိတ်ဆက်တွဲပေးတာမျိုး’’ဟု ဆိုသည်။

ထိုစီမံကိန်းဘဏ်တွင် ကန်ဒေါ်လာ ရှစ်ဘီလီယံတန်ဖိုးရှိသည့် ရန်ကုန်မြို့သစ် စီမံကိန်းအပိုင်း(က) ၊ မြေ ၃၈ ဧက၌ ဆောင်ရွက်မည့်  ကန်ဒေါ်လာ နှစ်ဘီလီယံ တန် ရန်ကုန်ဘူတာကြီးပြန်လည်ဖွံဖြိုးရေး စီမံကိန်း၊ ကန်ဒေါ်လာ တစ်ဘီလီယံတန်ဖိုးရှိသည့် ရန်ကုန်မိုးပျံရထားစီမံကိန်း (YUMRT)၊ မြေဧက ၁,၅၀၀ ခန့်တွင် ဆောင်

ရွက်မည့် ကန်ဒေါ်လာ တစ်ဘီလီယံတန် Eco Green City စီမံကိန်း၊ကန်ဒေါ်လာ သန်း ၉၀၀ တန်ဖိုးရှိသည့် ရန်ကုန်မိုးပျံ အမြန်ကားလမ်းစသည့် စီမံကိန်းကြီး ပါဝင်သည်။ 

ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပ စက်မှုဇုန် ၁၁ခုကိုလည်း မိတ်ဆက်ထားသည်။

စီမံကိန်းဘဏ်ဆိုသည်မှာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ များ ရေးဆွဲထားသည့် စီမံကိန်းများကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ အချက်အလက် ပေးပို့၍ သိမ်းဆည်းထားခြင်း ဖြစ်သည်။

စီမံကိန်းဘဏ်တွင် ပါဝင်မည့် စီမံကိန်းသည် စီမံကိန်းအမည်၊ မဟာဗျူဟာ မြောက်အရေးပါမှု၊ လုပ်ငန်းစီမံချက်၊ လျာထားစီမံကိန်းနှင့်ပတ်သက်သည့် စာချုပ်အမျိုးအစား၊ ဘဏ္ဍာငွေရယူရန် အရင်းအမြစ်နှင့် စီမံကိန်း အကျိုးအပြစ်များပါဝင်သော လေ့လာဆန်းစစ်ချက်များ၊ စီမံကိန်း အကောင်အထည်ဖော်ရန် စုစုပေါင်းကုန်ကျစရိတ်နှင့် အစိုးရထည့်ဝင်ရမည့် ငွေကြေးပမာဏတို့ ဖော်ပြရမည် ဖြစ်သည်။ နိုင်ငံတော်အဆင့် စီမံကိန်းဘဏ် (Project Bank) များကိုလာမည့် ဘဏ္ဍာနှစ်၌ စတင်ဆောင်ရွက်နိုင်မည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြော သည်။

No comments:

Post a Comment