Sunday, May 12, 2019

ငယ်ဘဝတွင် အူရောင်ရောဂါဖြစ်ဖူးသူများ အရွယ်ရောက်ချိန်၌ ကင်ဆာအန္တရာယ် သတိထားရန် လိုအပ်

ကလေးဘဝတွင် အူရောင်ရောဂါဖြစ်ပွားသူများသည် ဘဝ နောက်ပိုင်း ကင်ဆာရောဂါဖြစ်နိုင်သည့်အန္တရာယ် မြင့်မားကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။ အသက်(၁၈)နှစ်မပြည့်မီ ပြင်းထန်သော အူရောင်ရောဂါရှိသူ များသည် ကင်ဆာရောဂါဖြစ်နိုင်သည့်အန္တရာယ် ၂ ဒသမ ၅ ဆ ပို မြင့်မားကြောင်း Alimentary Pharmacology & Therapeutics ဂျာနယ်တွင် ဖော်ပြထားသည့် လေ့လာမှုအရ သိရသည်။

ကလေးဘဝတွင် ယင်းရောဂါမရှိခဲ့သူများနှင့် နှိုင်းယှဉ်ပါက ကလေးဘဝက ပြင်းထန်သော အူရောင်ရောဂါဖြစ်ဖူးသူများသည် ကင်ဆာရောဂါဖြင့် အသက်သေဆုံးနိုင်သည့် အန္တရာယ်မြင့်မား ကြောင်း ဒိန်းမတ်နှင့် ဖင်လန်နိုင်ငံမှ သုတေသီများက လေ့လာတွေ့ ရှိသည်။

အူရောင်ရောဂါဖြစ်ဖူးသူများသည် အသက်ကြီးချိန်တွင် အ သည်းကင်ဆာ၊ အရေပြားကင်ဆာရောဂါတို့ ဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိကြောင်း သုတေသီများက ပြောသည်။

သုတေသီများက ကလေးဘဝတွင် ပြင်းထန်သော အူရောင် ရောဂါဖြစ်ဖူးသော လူနာများ၏ အချက်အလက်များကို ၁၀ နှစ်ကြာ စောင့်ကြည့်လေ့လာခဲ့သည်။

ကင်ဆာရောဂါဖြစ်သူအများစုသည် ၎င်းတို့၏ အူသိမ်များနှင့် အူမကြီးတွင် အူရောင်ရောဂါဖြစ်ဖူးကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

အူရောင်ရောဂါဖြစ်ပွားမှုအတွင်း ကင်ဆာရောဂါ ဖြစ်ပွားနိုင် သည့် အန္တရာယ်များကို သိရှိနိုင်ရေး ထပ်မံလေ့လာမှုများပြုလုပ်ရန် လိုအပ်ကြောင်း သုတေသီများက ပြောသည်။

ယခုလေ့လာမှုအရ ငယ်ဘဝတွင် အူရောင်ရောဂါဖြစ်ခဲ့ဖူးသူ များ ကင်ဆာရောဂါအန္တရာယ်ကို သတိထားရန်လိုအပ်ကြောင်း၊ ကြိုတင်ကာကွယ်ရန် လိုအပ်ကြောင်း ဖော်ပြနေသည်ဟု သုတေသီ များက ပြောသည်။

ကင်ဆာရောဂါသည်များအကြား ကိုယ့်ကိုယ်ကိုယ်သတ်သေ သည့် အရေအတွက်မှာ သတိထားစရာဖြစ်နေပြီး လူနာများ၏ စိတ် ကျန်းမာရေးကို အလေးထားရန် လိုအပ်သည်ဟု သုတေသီများက ပြောသည်။

No comments:

Post a Comment