Sunday, May 12, 2019

အနာဂတ်အစီအစဉ်မရှိဘဲ အသင်း၌ဆက်ရှိနေပါက ရူးမိုက်ရာကျမည်ဟု စပါးနည်းပြပြော

လက်ရှိလည်ပတ်နေ သောပုံစံကို အပြောင်းအလဲမပြု လုပ်ဘဲ အလားတူအောင်မြင်မှုမျိုး ရရှိရန် မျှော်လင့်နေပါက အသင်း ၌ ဆက်ရှိနေခြင်းသည် ရူးမိုက်ရာ ကျမည်ဟု စပါးနည်းပြပိုချက် တီနိုက ပြောသည်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်သည့် စပါးသည် ၂၀၁၈ ဇန်နဝါရီ ၃၁ ရက် နောက် ပိုင်း ကစားသမားတစ်ဦးမျှ ခေါ် ယူအားဖြည့်ခြင်းမရှိပေ။ စပါးနည်းပြသက်တမ်း ငါး နှစ်ရှိလာပြီဖြစ်သော ပိုချက်တီနို သည် ယခုနွေရာသီတွင် စပါး ဥက္ကဋ္ဌလီဗိုင်းနှင့်ဆွေးနွေးရန် စီ စဉ်ထားသည်။



‘‘ဘာအစီအစဉ်မှမရှိဘဲ၊ ရှင်းလင်းတဲ့ဘာအတွေးမှ မရှိဘဲ၊ ပွင့်လင်းမြင်သာမှုမရှိဘဲ ကဏ္ဍ သစ်တစ်ရပ်ကို ကျွန်တော်ဖွင့်လှစ် မှာ မဟုတ်ပါဘူး’’ ဟု ပိုချက်တီနို က ပြောသည်။

စာချုပ်သက်တမ်းလေးနှစ် ကျန်သေးသော ပိုချက်တီနိုက အ ကယ်၍ ချန်ပီယံလိဂ်ဖလားဗိုလ်စွဲ ပါက နည်းပြရာထူးမှ နုတ်ထွက် ကာအာဂျင်တီးနားနိုင်ငံသို့ပြန်နိုင် ကြောင်း အေဂျက်ဇ်နှင့်ပွဲမတိုင်မီ က အရိပ်အမြွက်ပြောကြားသည်။

၎င်း ကိုင်တွယ်စဉ်အတွင်း ပိုချက်တီနိုသည် ပြိုင်ဘက်အ သင်းများထက် ငွေကြေးသုံးစွဲမှု နည်းပါးသော်လည်း စပါးအ သင်းကို ပရီးမီးယားလိဂ်ထိပ်သီး လေးသင်းစာရင်း ပုံမှန်ဝင်အောင် လမ်းညွှန်နိုင်ခဲ့သည်။

‘‘ရာသီတိုင်းမှာ ချန်ပီယံ လိဂ်ဗိုလ်လုပွဲ ရောက်မယ်လို့ မျှော်မှန်းထားရင် အစီအစဉ်တစ် ရပ်ရေးဆွဲဖို့ လိုပါတယ်။ အစီအ စဉ်က လွန်ခဲ့တဲ့ငါးနှစ်က ချမှတ်ခဲ့ တဲ့အစီအစဉ်တွေနဲ့ ကွဲပြားကောင်း ကွဲပြားနိုင်ပါတယ်။ လီဗာပူး၊ မန် စီးတီး၊ မန်ယူတို့လို စီမံကိန်းတွေ နဲ့ယှဉ်ရင် ကျွန်တော်တို့က တော် တော်လေးနုံချာတယ်လို့ ထင်ပါ တယ်။ အဲဒီလိုမျိုးအသင်းတွေရဲ့ စွမ်းဆောင်ရည်ကို ရချင်တယ်ဆို ရင် ကျွန်တော့်ကို မတူခြားနားတဲ့ လက်နက်ကိရိယာပေးပါ။ ဒီလိုမှ မဟုတ်ဘဲ ဒီနည်းအတိုင်းပဲ သွား နေရင် ဒီအသင်းမှာ ဆက်နေတဲ့ ကျွန်တော်ဟာ အရူးမိုက်ဆုံး ပုဂ္ဂိုလ်ပါ’’ ဟု ပိုချက်တီနိုက ပြော ကြားသည်။

No comments:

Post a Comment