Sunday, May 12, 2019

အစိုးရနှင့်ပြည်သူ ဆက်ဆံရေးကောင်းမွန်ပါက နိုင်ငံတိုးတက်ရန်မခဲယဉ်းဟု ဒေါ်အောင်ဆန်းစုကြည်ပြော မကွေးပြည်သူများရှေ့တွင်ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို ချီးကျူး

အစိုးရနှင့် ပြည်သူ အကြား ဆက်ဆံရေးကောင်းမွန် ပါက နိုင်ငံတိုးတက်ရန် ခဲယဉ်း မည်မဟုတ်ကြောင်း နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။  အစိုးရအဖွဲ့ဝင်များသည် ပြည်သူလူထုနှင့် ထိတွေ့မှုရှိရန် ဒေါ်အောင်ဆန်းစုကြည်က မေလ ၉ ရက်တွင် ထပ်မံတိုက်တွန်းပြီး ပြည်သူများကလည်း အပြန်အ လှန်အားဖြင့် အစိုးရကို ကူညီရန် မေတ္တာရပ်ခံသည်။



‘‘ဘယ်လိုပဲ ပြဿနာတွေရှိ ရှိ၊ ဘယ်လိုပဲ အခက်အခဲတွေရှိရှိ အစိုးရနဲ့ ပြည်သူကြားမှာ ယုံကြည် မှုရှိတယ်၊ တစ်ယောက်နဲ့ တစ် ယောက် ပူးပေါင်းဆောင်ရွက်မယ် ဆိုရင် ဒီပြဿနာတွေအားလုံးကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်’’ ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ဆိုသည်။

ပြည်သူများက အစိုးရကို ကူညီရန် တာဝန်ရှိကြောင်းနှင့် မြန်မာပြည်သူများကို တန်ဖိုးရှိ သည့် ပြည်သူများ၊ တာဝန်သိ သည့် ပြည်သူများ ဖြစ်စေလို ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မကွေးမြို့၌ ပြည်သူ လူထုနှင့်တွေ့ဆုံစဉ် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို ချီးကျူးစကားပြောကြားပြီး ပြည်သူများက မိမိတို့၏ဝန်ကြီးချုပ်ကို ယုံကြည်စွာဖြင့် တိုင်ကြားစရာရှိသည်များတိုင်ကြားရန်တိုက်တွန်း သည်။

ဒေါက်တာအောင်မိုးညိုနှင့် ပတ်သက်၍ ‘‘စေတနာ၊ မေတ္တာ လည်း အပြည့်အဝပါ။ နောက်ပြီး ဖြောင့်မတ်ပါတယ်၊ ပွင့်လင်းပါ တယ်။ ဒါကို ကျွန်မတို့ အများကြီး ဂုဏ်ယူပါတယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်က ချီးကျူးသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများ သည် အချင်းချင်း မျိုးရိုး၊ ဘာသာ၊လူမျိုးမခွဲခြားဘဲ တစ်ဦးအပေါ် တစ်ဦးချစ်ခင်စွာ စေတနာအပြည့် အဝဖြင့် နေထိုင်ရန် တိုက်တွန်း သည်။

‘‘နိုင်ငံရဲ့ သားသမီးတွေဖြစ် တာကြောင့် တစ်ယောက်နဲ့တစ် ယောက် ညီရင်းမောင်နှမလို ချစ် ခင်ရမယ်၊ စေတနာထားရမယ်။ တစ်ယောက် ဒုက္ခရောက်နေရင် တစ်ယောက်က ကူညီရမယ်။ တစ်ယောက်ကောင်းစားနေရင် မုဒိတာပွားနိုင်ရမယ်။ ကျွန်မတို့နိုင်ငံ နောက်ဆုံးမှာ ရောက်နေရတာက ရှေ့ဆုံးကို ရောက်မယ်လို့ ယုံ တယ်’’ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် မေလ ၉ ရက်တွင် မကွေး မြို့သို့ ရောက်ရှိပြီး မန်းရွှေစက် တော်ဘုရားသို့ သွားရောက်ဖူး မြော်သည်။

ထို့အပြင် ဒေါ်အောင်ဆန်း စုကြည်သည် မေလ ၁၀ ရက်တွင် နတ်မောက်မြို့၌ ဗိုလ်ချုပ်အောင် ဆန်း၏ဘိုးဘွားမိဘများ တည် ထားကိုးကွယ်သည့် သစ္စာအောင်၊ မေတ္တာအောင်၊ ပညာအောင်စေ တီတော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခြင်းနှင့် ငြိမ်းချမ်းရေးတံခွန်တိုင်၊ ငြိမ်းချမ်းရေးခေါင်းလောင်းတော် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား သို့ တက်ရောက်ကြည်ညိုကြောင်း အတိုင်ပင်ခံရုံးက သတင်းထုတ် ပြန်သည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နတ် မောက်ပြည်သူ့ဆေးရုံ၌ ကျင်းပ သည့် တရုတ်သံရုံးက ဒုတိယ မြောက် မြန်မာ-တရုတ်ချစ်ကြည် ရေးဆေးရုံအဖြစ် လှူဒါန်းပြီး မြန် မာ-တရုတ်ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းက ပူးပေါင်းကူညီ ဆောင်ရွက်သည့် နတ်မောက်မြို့ ပြည်သူ့ဆေးရုံ ပြုပြင်မွမ်းမံခြင်း၊ အရေးပေါ်နှင့် ပြင်ပလူနာဌာန အဆောက်အအုံသစ် လွှဲပြောင်း အပ်နှံခြင်းအခမ်းအနားနှင့် ဆေးရုံရှေ့၌ ထားရှိမည့် ဗိုလ်ချုပ်အောင် ဆန်းရုပ်တုဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။  ထိုမှတစ်ဆင့် ဒေါ်အောင် ဆန်းစုကြည်သည် တောင်တွင်း ကြီးမြို့နယ် ကမ္ဘာ့အမွေအနှစ်စာ ရင်းဝင် ဗိဿနိုးမြို့ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ သွား ရောက်ပြီး မေလ ၁၀ ရက် မွန်းလွဲတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိသည်။

No comments:

Post a Comment