Sunday, May 12, 2019

မြန်မာယူ -၂၂ ဘောလုံးအသင်းနှင့် တောင်ကိုရီးယားကလပ် ခြေစမ်းမည်

 မြန်မာ့လက်ရွေးစင် ယူ-၂၂ ဘောလုံးအသင်းသည် တောင်ကိုရီးယား တက္ကသိုလ် ဖိတ်ခေါ် ပြိုင်ပွဲတွင် မယှဉ်ပြိုင်တော့သဖြင့် ကေလိဂ်(၁)ကလပ်ပိုဟန်းစတီးလားနှင့် ခြေစမ်းရန် စီစဉ်ထားကြောင်း ဘောလုံးအဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။  ကိုရီးယားကလပ် ပိုဟန်း စတီးလားအသင်းသည် မေလ နောက်ဆုံးပတ်တွင်  ရန်ကုန်မြို့၌ ခြေစမ်းပွဲနှစ်ပွဲ လာရောက်ယှဉ် ပြိုင်မည်ဖြစ်သည်။ ပိုဟန်းစတီးလားအသင်းသည် ရန်ကုန်ခြေစမ်းခရီးစဉ်အတွင်း မြန်မာယူ-၂၂ အသင်း၊ မြန်မာလိဂ်ကလပ် တစ်သင်းတို့နှင့် ယှဉ်ပြိုင်ရန် စီစဉ်ထား သည်။

‘‘ မြန်မာ ယူ-၂၂ က တောင်ကိုရီးယား ဖိတ်ခေါ်ကို အရင်ကပြိုင်ဖို့ စီစဉ်ထားပေမယ့် တချို့ပြိုင်ပွဲဝင် အသင်းတွေ နုတ်ထွက်သွား တဲ့အတွက် ကျွန်တော်တို့လည်း နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာပါ။ လက်ရှိအထိလည်း တခြားပြိုင်ဘက်အသင်းတွေ မသေချာသေး ဘူးလို့ သိရပါတယ်။ ဒါ့ကြောင့်မို့ ဆီးဂိမ်းအတွက် ပြင်ဆင်မှုအဖြစ် ယူ-၂၂ အသင်းကို ပိုဟန်းစတီး လားနဲ့ ခြေစမ်းဖို့ စီစဉ်နေတာပါ’’ ဟု ဦးကိုကိုသိန်းက ပြောသည်။

တောင်ကိုရီးယား ကေလိဂ် (၁) ကလပ်ပိုဟန်းစတီးလား အသင်းသည် ၁၉၈၃ ကစတင် တည်ထောင်ပြီး ပြည်တွင်းရှုံး ထွက်ပြိုင်ပွဲချန်ပီယံ လေးကြိမ်နှင့် အာရှချန်ပီယံလိဂ်ချန်ပီယံဆု သုံးကြိမ်ရရှိထား သည့် အသင်းဖြစ်သည်။ ၂၀၁၉ ကေလိဂ်-၁ ပွဲစဉ် (၁၀) အပြီးတွင် ပိုဟန်းစတီးလား အသင်းသည် ရမှတ် ၁၃ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၆) နေ ရာ၌ ရပ်တည်နေသည်။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း) အကြို ပြင်ဆင်နေသည့် မြန်မာယူ-၂၂ အသင်းသည်  ဇွန်လ ၇ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ဗီယက်နမ်ယူ-၂၂ အသင်းနှင့်ခြေစမ်းပွဲယှဉ်ပြိုင် ရန် စီစဉ်ထားသည်။ မြန်မာယူ-၂၂ အသင်းသည် မတ်လနောက်ဆုံးပတ်က ယှဉ်ပြိုင်သည့် အာရှယူ-၂၃ ခြေစစ်ပွဲ အပြီးတွင် လေ့ကျင့်မှုရပ်နားထားပြီး နိုင်ငံတကာ ခြေစမ်းပွဲများအတွက် မေလ နောက်ဆုံးပတ်၌ စတင်လေ့ကျင့် ရန် စီစဉ်ထားသည်။

No comments:

Post a Comment