Sunday, May 12, 2019

ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံ ကာကွယ်ရေး နှင့် ရာဇဝတ်မှုတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မည်

Image may contain: 2 people, people smiling, people standingဗီယက်နမ် နှင့် မြန်မာနိုင်ငံတို့ သည် ရေတပ် ၊ စစ်ဆေးဘက်ဆိုင်ရာ ၊ စစ်လက်နက် ၊ သယ်ယူပို့ ဆောင်ရေး ၊ ကယ်ဆယ်ရေး နှင့် ရှာဖွေရေး ၊ ဒေသတွင်း နှစ်နိုင်ငံနှင့်သက်ဆိုင်သော ရာဇဝတ်မှုတိုက်ဖျက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးချဲ့ ဆောင်ရွက်သွားရန် မေ ၁၁ ရက်တွင် သဘောတူညီခဲ့ကြကြောင်း သိရသည်။ြ မန်မာနိုင်ငံသမ္မတဦးဝင်းမြင့်သည် ဗုဒ္ဓနေ့ အခမ်းအနားတက်ရောက်ရန် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိနေစဉ် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Nguyen Xuan Phuc နှင့် မေ ၁၁ ရက်တွင် တွေ့ ဆုံခဲ့ပြီး အထက်ပါ သဘောတူညီမှုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။


နှစ်နိုင်ငံခေါင်းဆောင်တို့ သည် ရာဇဝတ်မှုတိုက်ဖျက်ရေးကိစ္စရပ်များတွင် နှစ်ဘက်အပြန်အလှန် အကူအညီပေးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်စောင်ကို လက်မှတ်ရေးထိုးရေးအတွက် တွေ့ ဆုံဆွေးနွေးမှုများကို တိုးမြှင့်လုပ်ဆောင်သွားရန်လည်း သဘောတူညီခဲ့ကြကြောင်း သိရသည်။မေ ၁၁ ရက်တွင် ဗီယက်နမ်နိုင်ငံအမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Nguyen Thi Kim Ngan သည် မြန်မာသမ္မတအား လက်ခံတွေ့ ဆုံခဲ့ကြောင်းလည်း သိရသည်။အလည်အပတ်ခရီးစဉ်အတွင်း မြန်မာသမ္မတက ဗီယက်နမ်နိုင်ငံနှင့်အတူ စီးပွားရေး ၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် မိတ်ဖက်အဖြစ် အတူတကွလက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

No comments:

Post a Comment