Sunday, May 12, 2019

Myanmar National Airlines က ခရီးသည်တင် လေယာဉ် ရှေ့ဘီးမကျတဲ့အတွက် ​ပြေးလမ်းနဲ့ ရှပ်တိုက် ဦးစိုက်​အ​နေအထားနဲ့ ဆင်းခဲ့ရ

Myanmar National Airlines က ခရီးသည်တင် လေယာဉ်တစ်​စင်း မန္တလေးမြို့ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆင်းသက်တုန်းမှာ ရှေ့ဘီးမကျတဲ့အတွက် ​လေထဲမှာ ဆီကုန်​​အောင်​ ဝဲပျံပြီးမှ ပြေးလမ်းနဲ့ ရှပ်တိုက် ဦးစိုက်​အ​နေအထားနဲ့ ဆင်းခဲ့ရပေမယ့် ခရီးသည်တွေ အကြီးအကျယ်​ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။


မန္တလေး တံတားဦးလေဆိပ်မှာ ဒီနေ့မနက်ပိုင်းက မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် လေယာဉ်တစင်း ဆင်းသက်ရာမှာ ရှေ့ဘီးချမရလို့ ရှပ်တိုက်ဆင်းသက်ခဲ့ရပါတယ်။ မြန်မာအမျိုးသား လေကြောင်းလိုင်းက Embraer ​လေယာဉ်ဟာ ​မန္တလေး တံတားဦး​လေဆိပ်ကို ဆင်းသက်စဉ် အခုလို ဖြစ်ခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်း ၇ ဦးနဲ့ ခရီးသည် ၈၂ ဦး လိုက်ပါသွားပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ မန္တလေး တံတားဦးလေယာဉ်ကွင်း တာဝန်ခံ ဦးကျော်ဆန်းက ပြောပါတယ်။ မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် လေယာဉ်ဟာ ရန်ကုန်ကနေ မန္တလေးကို ထွက်ခွာလာတာဖြစ်ပြီး လေယာဉ်ရှေ့ဘီးချမရလို့ ရှပ်တိုက်ဆင်းသက်ခဲ့ရတဲ့ ဖြစ်စဉ်အကြောင်း လေယာဉ်ကွင်းတာဝန်ခံ ဦးကျော်ဆန်းရဲ့ ပြော

No comments:

Post a Comment