Sunday, May 12, 2019

ယူအီးအက်ဖ်အေကို လီဗာပူး၊ စပါး ၊ ချယ်လ်ဆီးနှင့် အာဆင်နယ်ပရိသတ်များဝေဖန်

ချန်ပီယံလိဂ်နှင့် ယူရိုပါ လိဂ် ဗိုလ်လုပွဲလက်မှတ် သုံးပုံ တစ်ပုံသာ ခွဲဝေပေးခဲ့ပြီးနောက် လီဗာပူး၊ စပါး၊ ချယ်လ်ဆီးနှင့် အာဆင်နယ်ပရိသတ်များက အရှက်ရဖွယ်ဆက်ဆံပုံနှင့် ပတ် သက်၍ ယူအီးအက်ဖ်အေကို ဝေ ဖန်ကာ အောက်ခြေသိမ်းပြုပြင် ပြောင်းလဲရန်တောင်းဆိုခဲ့သည်။ ယင်းဥရောပပြိုင်ပွဲကြီးနှစ် ရပ် ဗိုလ်လုပွဲများနှင့်ပတ်သက်၍ ယူအီးအက်ဖ်အေသည် ငွေကြေး သဲ့ယူနေကြောင်း ပရိသတ်များက စွပ်စွဲပြီး ပွင့်လင်းမြင်သာမှုရှိစေလို နေသည်။ လက်မှတ်အချို့ကို ပွဲစား များ၏ ဝက်ဘ်ဆိုက်များတွင်ပေါင် ၅,၅၀၀ ဖြင့် ဝယ်ယူရရှိနိုင်သည်။



ထို့အပြင် ဗိုလ်လုပွဲများ မည် သည့်နေရာတွင် ကျင်းပရေးနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက်များ ပိုမို အဓိပ္ပာယ်ရှိပြီး အကျိုးအကြောင်း ဆီလျော်မှုရှိရန် ကလော့ပ်က တောင်းဆိုသည်။

ဟိုတယ်အခန်းခများနှင့် လေယာဉ်လက်မှတ်ခများ မြင့် တက်မှုနှင့် ကြုံနေသော ပရိသတ် များကို စာနာကြောင်း ကလော့ပ် က ပြောသည်။

ယူရိုပါလိဂ် ဗိုလ်လုပွဲကို မေလ ၂၉ ရက်တွင် အဇာဘိုင်ဂျန် နိုင်ငံ၌ ကျင်းပမည်ဖြစ်ရာ လန်ဒန် အခြေစိုက် ချယ်လ်ဆီးနှင့်အာဆင် နယ်ပရိသတ်များအနေဖြင့်၂,၄၆၈ မိုင်ကျော် ခရီးသွားရမည်ဖြစ်ပြီး အဇာဘိုင်ဂျန်သို့ ဝင်ရောက်ရန် ဗီဇာလိုအပ်မည်ဖြစ်သည်။

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ပရိသတ် ၆၈,၀၀၀ ဆံ့ အက်သ လက်တီကိုမက်ဒရစ်ကွင်းတွင် ဇွန်လ ၁ ရက်၌ ကျင်းပမည့် ချန်ပီ ယံလိဂ်ဗိုလ်လုပွဲ လက်မှတ်ခွဲ တမ်း ၃၃,၂၂၆ စောင်သာ လီဗာပူးနှင့် စပါးကရရှိသည်။

ပရိသတ် ၆၈,၇၀၀ ဆံ့ ဘာ ကူးအိုလံပစ်အားကစားကွင်းတွင် ကျင်းပမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲ အတွက် လက်မှတ်ခွဲတမ်းစောင် ရေ ၁၂,၀၀၀ သာ ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ ရရှိသည်။ မက်ဒရစ်အထိ လိုက်ပါအား မပေးနိုင်သည့် ပရိသတ်များကိုဖန် သားပြင်မှတစ်ဆင့် ကွင်းလုံးပြည့် ကြည့်ရှုနိုင်စေရန် ၎င်းတို့၏ကွင်း ကို ဖွင့်ပေးမည်ဟု စပါးအသင်းက ပြောသည်။ 

No comments:

Post a Comment