Sunday, May 12, 2019

ကျောက်တော်တွင် ဗုံးသီးဆော့ကစားရာမှ ပေါက်ကွဲ၊ ကျောင်းသားငယ်တဦး သေဆုံး

ရခိုင်​ပြည်​နယ်​ ကျောက်တော်မြို့နယ်၊ ယိုးချောင်းအတွင်းရှိ မီးယပ်ပြင်ကျေးရွာမှာ ​မေလ ၁၁ ရက်​​နေ့ ညနေ ၃ နာရီ​ကျော်​လောက်က ၇ တန်း ကျောင်းသားတဦး မပေါက်ကွဲဘဲ ကျန်နေတဲ့ ဗုံးသီးတလုံးအား နေအိမ်ယူ​ဆောင်ပြီး ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပွားလို့ သေဆုံးသွားပါတယ်။ေ ပါက်ကွဲမှုကြောင့် အဆိုပါကျောင်းသားဟာ ဒဏ်​ရာပြင်​ထန်​စွာရှိပြီး ​ဆေးရုံကို ပို့ဆောင်​စဉ် ​လမ်းမှာ ​​သေဆုံးသွားခဲ့​တယ်လို့ ​​​Rakhine Ethnics Congress အဖွဲ့မှ တာဝန်​ရှိသူတ​ဦးက ​ပြောပါတယ်​။



“ယခင်​တိုက်ပွဲဖြစ်ပြီး ကျန်နေခဲ့တဲ့ လက်နက်ကြီးကျည်ဗုံးသီးကို အိမ်သို့ ယူဆောင်လာပြီး ကစားရာကနေ ပေါက်ကွဲတာလို့ သိရပါတယ်။ ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆေးရုံပို့ဆောင်ဖို့ လှေနဲ့ ယူဆောင်စဉ်မှာ သေဆုံးသွားတာပါ။ အခုတော့ ကန်စောက်ရဲစခန်းမှာ စစ်ချက်ယူပြီး အလောင်းကို ကျောက်တော်ဆေးရုံ ယူဆောင်သွားတယ်လို့ သိရပါတယ်။”

သေဆုံးသူမှာ ၇ တန်းဖြေဆိုထားတဲ့ အသက် ၁၂ နှစ်အရွယ် မောင်မျိုးမိုင်း ဖြစ်တယ်လို့ သိရပါတယ်​။

အခင်းဖြစ်ပွားတဲ့ ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးတဲ့ လက်နက်တွေ ကျန်နေခဲ့တာလို့ ဒေသခံကျေးရွာသားတွေက ​ပြောပါတယ်​။

Rakhine Ethnics Congress ရဲ့ စစ်​တမ်းတွေအရ တပ်​မ​တော်​နဲ့ ​အေ​အေတိုက်​ပွဲတွေအတွင်း မ​ပေါက်​ကွဲသေးတဲ့ ဗုံးသီးတွေ ကျန်နေပြီး ​ပေါက်​ကွဲမှုတွေဖြစ်တာကြာင့် သေဆုံးခဲ့ရတဲ့ ကလေးငယ် ၈ ဦးအထိ ရှိပြီလို့ သိရပါတယ်။

“မိုင်းအန္တရာယ်ဆိုင်ရာ ပညာပေးအစီအစဉ်တွေကို လုပ်ဆောင်ဖို့ လိုအပ်နေပါ​သေးယ်။ ကျနော်​တို့ REC (Rakhine Ethnics Congress) ကလည်း အရင်းအမြစ်ရှာဖွေစုဆောင်းမှုတွေကို လုပ်ဆောင်နေပါတယ်​။ ရခိုင်မှာ မိုင်းအန္တရာယ်ဆိုင်ရာ ပညာပေးဆွေးနွေးပွဲတွေကို ကျယ်​ပြန့်​စွာပြုလုပ်​ဖို့ ​လိုပါ​သေးတယ်​။ Unicef နဲ့ အစိုးရ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး ပညာ​ရေး ၀န်​ထမ်း​တွေနဲ့ ရပ်​​ကျေတချို့ကို ပညာ​ပေးတာ​လောက်​သာ ရှိပါ​သေးတယ်​။ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားရာနယ်မြေတွေက ဒေသခံတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်နေပါ​သေးတယ်​” REC  တာဝန်​ရှိသူက ပြောပါတယ်​။

မိုင်းအန္တရာယ်ဆိုင်ရာ ပညာပေးဆွေးနွေးပွဲကို ဧပြီ ၂၉ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ဧပြီ ၃၀ ​နေ့နဲ့ မေ ၁ ရက်နေ့တွေက ​မောင်​​တောမြို့တို့မှာ UNICEF က ပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးတွေ၊ ရပ်ကျေးတာဝန်ရှိသူတွေနဲ့ ဆရာ/ဆရာမတွေသာ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment