Sunday, May 12, 2019

လှိုင်းဘွဲ့တွင် ယာဉ်တစီး ပေ ၃၀ အနက် ချောက်ထဲထိုးကျ၊ ၄ ဦးသေဆုံး

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှာ ယာဉ်တစီး ပေ ၃၀ အနက် ချောက်အတွင်း ထိုးကျ တိမ်းမှောက်ခဲ့လို့ ၄ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ ငှက်ပျောတောင်ဘုန်းကြီးကျောင်းအနီး ကမော့ပေါတောင်တက်လမ်းမှာ စိုးမိုးကျော် မောင်းနှင်လာတဲ့ ကန်တာယာဉ်ဟာ စက်ရပ်သွားပြီး တောင်ပေါ်ကနေ နောက်ပြန်လိမ့်ကျကာ ပေ ၃၀ အနက် ချောက်အတွင်း ထိုးကျတိမ်းမှောက်ခဲ့တာပါ။


ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ လူ ၄ ဦး (ကျား ၁၊ မ ၃) တို့မှာ ဦးခေါင်းကြေမွ၊ ရင်ဘတ်ပေါက်ပြဲ သွေးထွက်ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ဒဏ်ရာရသူ ၁၅ ဦး (ကျား ၂၊ မ ၁၃) ဦးကိုတော့ ဘားအံမြို့ ပြည်သူ့ဆေးရုံး ပို့ဆောင်ကုသထားပါတယ်။ ဒဏ်ရာရသူတွေတွေထဲက အမျိုးသမီး ၂ ဦး အခြေအနေ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

စိုးမိုးကျော်အား ထီလုံနယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု၊ ပြင်းထန်/ သာမန်နာကျင်စေမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

No comments:

Post a Comment