Sunday, May 12, 2019

ပြန်ပေးဆွဲခံရပြီး လွတ်မြောက်လာသူ ၃ ဦးအား ဘာကီနာဖာဆိုသမ္မတ တွေ့ဆုံ

ဘာကီနာဖာဆိုနိုင်ငံမှာ စစ်သွေးကြွအုပ်စုတစုရဲ့  ပြန်ပေးဆွဲခံထားရအပြီး ပြင်သစ် ကွန်မန်ဒိုတွေက ကယ်ထုတ်ခဲ့ရတဲ့ ဓားစာခံ ၄ ယောက်ထဲက ၃ ယောက်ဟာ မေလ ၁၁ ရက်မှာ ဘာကီနာဖာဆို သမ္မတနန်းတော်မှာ သမ္မတနဲ့ တွေ့ဆုံခဲ့ပါတယ်။ြ ပင်သစ်နိုင်ငံသား ၂ ယောက်အပါအဝင် နိုင်ငံခြားသား ဓားစာခံ လေးယောက်ကို ပြင်သစ်စစ်တပ်က ကယ်ထုတ်ခဲ့တဲ့ သောကြာ ညဘက် စီးနင်းမှုအတွင်း ကွန်မန်ဒိုစစ်သည် ၂ ယောက် သေဆုံးခဲ့တယ်လို့ မေလ ၁၀ ရက်မှာ ပြောပါတယ်။

ဓားစာခံ လေးယောက်စလုံး ဘေးကင်းတယ်၊ အမေရိကန် အမျိုးသမီးတယောက်နဲ့ တောင်ကိုရီးယား အမျိုးသမီးတယောက်တို့လည်း လွတ်လာခဲ့တယ်လို့ ပြင်သစ် သမ္မတရုံးက မေလဆယ်ရက်မှာ ပြောပါတယ်။

ပြင်သစ် နိုင်ငံသားတွေဟာ အိမ်နီးချင်း ဘီနင်းနိုင်ငံရဲ့ အမျိုးသားဥယျာဉ်ထဲမှာ လည်ပတ်နေတုန်း ပြန်ပေးဆွဲခံခဲ့ရတာပါ။

သူတို့ရဲ့ ဧည့်လမ်းညွှန်ကို ကိုယ်ပေါ်မှာ ကျည်ဆန်ရာတွေနဲ့ သေဆုံးလျက်သား တွေ့ရပြီး သူတို့ကားလည်း မီးရှို့ခံထားရပါတယ်။

ပြန်ပေးဆွဲခံရမယ့် ဘေးကြောင့် ဘီနင်းနိုင်ငံနဲ့ ဘာကီနာဖာဆို နှစ်နိုင်ငံ နယ်စပ်က အစိတ်အပိုင်းတွေဆီ သွားရောက်လည်ပတ်တာ မလုပ်ဖို့ ပြင်သစ်အစိုးရက နိုင်ငံသားတွေကို သတိပေးထားပါတယ်။

ဘာကီနာဖာဆို နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ အစ္စလာမစ်စစ်သွေးကြွတွေ ကြီးစိုးနေလို့ ဒေသခံ အယောက် ၁ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။

No comments:

Post a Comment