Sunday, May 12, 2019

ပဲခူးကလပ်အဆောက်အအုံ၊ သစ်ပုပ်ပင်နှင့်အင်းလျားကန်ပေါင်တို့ကိုရန်ကုန်မြို့ပြအမွေအနှစ် အပြာရောင်ကမ္ပည်းပြားတပ်ဆင်မည်ဟုဆို

-နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိသော ပဲခူးကလပ် အဆောက်အအုံအပါအဝင် သစ်ပုပ် ပင်နှင့်အင်းလျားကန်ပေါင်တို့ကို ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ် အပြာရောင်ကမ္ပည်းပြားတပ်ဆင် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့ (YHT)မှ သိရသည်။ ဒဂုံမြို့နယ် စကားဝါလမ်း၊ ရုရှားသံရုံးရှေ့တွင်ရှိသော ပဲခူး ကလပ်အဆောက်အအုံကို မေလ ကုန်တွင် အပြာရောင်ကမ္ပည်းပြား တပ်ဆင်သွားမည်ဟု ဆိုသည်။

""မြို့ပြနေပြည်သူတွေအနေ နဲ့ ရန်ကုန်မြို့က ရှေးဟောင်းအမွေ အနှစ်တွေကို မြို့ပြအမွေအနှစ် အဖြစ်လက်ဆင့်ကမ်းဆက်လက် ထိန်းသိမ်းသွားနိုင်ဖို့ အပြာရောင် ကမ္ပည်းပြားကို တပ်ဆင်တာဖြစ်ပါ တယ်။(၂၉)ခုမြောက်အပြာရောင် ကမ္ပည်းပြားကို ဗဟိုအမျိုးသမီး ဆေးရုံကြီးတွင် တပ်ဆင်ခဲ့ပြီဖြစ် ပြီး ဒီလကုန်မှာ ပဲခူးကလပ်အ ဆောက်အအုံကို အပြာရောင် ကမ္ပည်းပြားတပ်ဆင်မှာပါ။ သစ် ပုပ်ပင်နှင့်အင်းလျားကန်ပေါင်ကို လည်း အပြာရောင်ကမ္ပည်းပြား တပ်ဆင်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက် နေပါတယ်""ဟု ရန်ကုန်မြို့ပြအ မွေအနှစ် ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့(YHT)မှစီမံကိန်းအရာ ရှိ ဦးသူရိန်အောင်က ပြောသည်။

ပဲခူးကလပ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီက နိုင်ငံခြား သားများအပန်းဖြေရာနေရာတစ် ခုအဖြစ် ထင်ရှားကျော်ကြားခဲ့ပြီး အဆောက်အအုံဗိသုကာလက်ရာ များကောင်းမွန်ခြင်း၊ အခန်းဖွဲ့ စည်းပုံကောင်းမွန်ခြင်းများဖြင့် ပြည့်စုံပြီး ကျွန်းသားဖြင့်တည် ဆောက်ထားသော အဆောက်အ အုံဖြစ်ကာ ၁၈၈၂ ခုနှစ် ဗစ်တိုး ရီးယားခေတ်ဗိသုကာလက်ရာဖြင့် တည်ဆောက်ထားသော ရှေး ဟောင်းအဆောက်အအုံတစ်ခု ဖြစ်ကြောင်း သိရသည်။

၂၀ဝ၈ ခုနှစ်တွင်ပြန်လည် ထိန်းသိမ်းခြင်းများဆောင်ရွက်ခဲ့ ပြီး ဝေလမင်းသားအခန်း၊ ဝင်န်ဆာ အခန်းတို့ကိုဆက်လက်ပြုပြင် လျက်ရှိကာ ဧက ၄၀ ကျော်ရှိသော မြေနေရာတွင် အဆောက်အအုံ များကို မူလအတိုင်းထိန်းသိမ်းပြု ပြင်လျက်ရှိကြောင်း၊ လက်ရှိအ ချိန်တွင် မွေးနေ့ပွဲ၊ မင်္ဂလာအခမ်း အနား၊ သံရုံးဧည့်ခံပွဲ၊ပါတီအခမ်း အနားနှင့်ပွဲအခမ်းအနားများကို လက်ခံကျင်းပလျက်ရှိကြောင်း သိ ရသည်။

No comments:

Post a Comment