Sunday, May 12, 2019

အိုးရှင်းဝေ့ကုမ္ပဏီ၏ ဖိုက်ဘာဆက်သွယ်ရေးပုံးများ ဖျက်ဆီးခံရ

59902550_300095110880987_3490385020831399936_nမန္တလေးမြို့တွင်း မြို့နယ်သုံးခုမှာ နိုင်​ငံခြားရင်းနှီးမြှုပ်​နှံမှုကုမ္ပဏီတခုဖြစ်​တဲ့ အိုးရှင်းဝေ့ကုမ္ပဏီရဲ့ အင်​တာနက်​ဝန်​​ဆောင်​မှုပေးနေတဲ့ ဖိုင်ဘာဆက်သွယ်ရေးပုံးတွေ ဖျက်ဆီးခံခဲ့ရတယ်လို့ ကုမ္ပဏီ တာဝန်ခံက ပြောပါတယ်။ အိုးရှင်းဝေ့ကုမ္ပဏီရဲ့တာဝန်ခံ ကိုအာကာဇွဲက “ကျနော်တို့ ၅ လပိုင်း၊ ၉ ရက်နေ့မှာ အင်တာနက်တပ်ဆင်ထားတဲ့ ဖိုက်ဘာပုံးတွေ ဖျက်ဆီးခံခဲ့ရတယ်။ မန္တလေးမြို့တွင်း သုံးမြို့နယ်မှာ ၆ နေရာက ဆက်သွယ်ရေး ဖိုက်ဘာပုံးတွေ ဖျက်ဆီးခံခဲ့ရပြီး လူဦးရေ ၇၀၀ ကျော် လိုင်းပြတ်တောက်ခဲကြရလို့ ဖျက်ဆီးခဲ့တဲ့သူတွေကို အရေးယူပေးဖို့ အမှတ် ၁ နယ်မြေရဲစခန်းမှာ တိုင်ကြားခဲ့တယ်” လို့ ပြောပါတယ်။


အောင်​​မြေသာစံမြို့နယ်၊​ ချမ်း​အေးသာစံမြို့နယ်​နဲ့ မဟာ​အောင်​​မြေမြို့နယ်​တွေမှာ ဖိုင်ဘာဆက်သွယ်ရေးပုံးတွေ ဖျက်စည်းခံခဲ့ရတာပါ။

“အခုလိုအင်တာနက်လိုင်း ဝိုင်ဖိုင်ပျက်သွားခဲ့တဲ့အတွက် အရမ်းဒုက္ခရောက်ခဲ့ကြရတယ်။ ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲတွေဖြစ်တယ်။ အင်တာနက် အီးမေးလ်တွေကနေ ဘိုကင်တွေ ကြိုပြီး လက်ခံရတာရှိတယ်။ အခုလို အင်တာနက်က မရတော့ ကျနော်တို့အဆင်မပြေဘူး” လို့ ဟိုတယ်တခုရဲ့ မန်နေဂျာ ကိုခိုင်မင်းဦးက ပြောပါတယ်။

အိုရှင်းဝေ့ကုမ္ပဏီက ISP အင်​တာနက်​ဝန်​​ဆောင်​မှုကို မြန်​မာ​တပြည်​လုံး ​ပေး​နေ​တဲ့ ကုမ္ပဏီဖြစ်​ပြီး ဆက်​သွယ်​​ရေးဝန်​​ဆောင်​မှုလိုင်​စင်​ကို ၂၀၁၈ ခုနှစ်​ ​ဖေ​ဖော်​ဝါရီက ရရှိခဲ့တဲ့ ​ကုမ္ပဏီတခုလည်းဖြစ်ပါတယ်။ မန္တ​လေး၊ ပြင်​ဦးလွင်၊​ မိတ္ထီလာ ပုဂံ​ညောင်​ဦးမြို့အပါအဝင်​ မြို့ကြီး ၁၅ မြို့ကို lSP အင်​တာနက်​ဝန်​​ဆောင်​မှုပေးနေတာပါ။

No comments:

Post a Comment