Sunday, May 12, 2019

နိုက်ဂျီးရီးယားတွင် ကလေးစစ်သား ၉၀၀ ခန့် ပြန်လွှတ်

ဘိုကိုဟာရမ်တွေအပေါ် ဆင်နွှဲတဲ့စစ်ပွဲမှာ အသုံးပြုခဲ့တဲ့ ကလေးအယောက် ၉၀၀ နီးပါးကို နိုက်ဂျီးရီးယားအစိုးရနဲ့ မဟာမိတ်ပြုထားတဲ့ ဒေသဆိုင်ရာ ပြည်သူ့စစ်အဖွဲ့တဖွဲ့က မေလ ၁၀ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလိုပြန်လွှတ်ပေးတဲ့အတွက် စုစုပေါင်း ပြန်လွှတ်ပေးတဲ့ ကလေးငယ် အရေအတွက် ၁၇၀၀ ကျော်သွားပြီလို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF က ကြေညာချက် ထုတ်ပြန်ပါတယ်။



အစ္စလာမ္မစ် ဘိုကိုဟာရမ်တွေကို တိုက်တဲ့စစ်ပွဲအတွင်း အစိုးရမဟုတ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ၂၀၁၃ ကနေ ၂၀၁၇ အတွင်း ကလေး ၃၅၀၀ ကျော်ကို စစ်သားအဖြစ် စုဆောင်းခဲ့တယ်လို့ UNICEF က ဆိုပါတယ်။

အဲဒီကလေးငယ်တွေ ပြန်လွှတ်ပေးတဲ့ အခမ်းအနားကို နိုင်ငံအရှေ့မြောက်ပိုင်း မိုင်ဒူဂါရီမြို့မှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို နိုက်ဂျီးရီးယားနိုင်ငံဆိုင်ရာ UNICEF အကြီးအကဲ နဲ့ ဆွစ်ဇာလန် သံအမတ်ကြီးတို့ တက်ရောက်ကြပါတယ်။

ဘိုကိုဟာရမ်အပါအ၀င် နိုက်၈ျီးရီးယား လက်နက်ကိုင်တပ်ဖွဲ့တွေထဲကို စုစုပေါင်း ကလေးဘယ်နှယောက် ခေါ်ယူပြီး အဲဒီကလေးတွေကို စစ်သားအဖြစ် ဘယ်လို စုဆောင်းခဲ့လဲဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။

No comments:

Post a Comment