Sunday, May 12, 2019

ကိုလံဘီယာတွင် ပေါက်ကွဲမှုကြောင့် ၄ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရ

ကိုလံဘီယာနိုင်ငံ မြို့တော်ဘိုကိုတာရဲ့ အနောက်ပိုင်းကလာ အဲ့စ်ထရာဒါ ရပ်ကွက်မှာ သောကြာနေ့က ပေါက်ကွဲမှုကြောင့် လူလေးဦးထက် မနည်းသေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက မေလ ၁၁ ရက်မှာ အစီရင်ခံပါတယ်။ေ ဒသစံတော်ချိန် နေ့လယ်ဆယ့်နှစ်နာရီ ခွဲလောက်မှာ ဒေသန္တရ ကစားပွဲ တေဂျိုအတွက် ယမ်းမှုန့်တွေ ထုတ်တဲ့ ၃ ထပ် စက်ရုံတရုံပေါက်ကွဲခဲ့တာပါ။ ဒဏ်ရာရသူ ၈ ဦးရဲ့ အခြေအနေကို စစ်ဆေးပြီးပြီ သူတို့မှာ အသက်ဘေး မရှိတော့ဘူလို့ ဘိုကိုတာ မီးသတ်ဌာန အကြီးအကဲ ပေဒရုံ မာနိုဆယ်လ်ဗာက ပြောပါတယ်။



ပေါက်ကွဲမှုအပြီး အနက်ရောင် အမှုန့်တွေ အပါအဝင် အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တွေကြောင့် နောက်ထပ် ပေါက်ကွဲမှာကို စိုးရိမ်နေတဲ့အပြင် အဆောက်အဦ ပြိုကျမှာလည်း စိုးရိမ်နေကြ ပါတယ်။

ဘိုကိုတာမြို့ ရုက္ခဗေဒ ဥယျာဉ်နားက လူနေရပ်ကွက်ထဲမှာ ပေါက်ကွဲခဲ့တာဖြစ်လို့ ကျောင်းတကျောင်း မူကြို တကျောင်း အပါအဝင် အနားက အဆောက်အဦ အတော်များများအပေါ် သက်ရောက်ခဲ့တယ် ကျောင်းသားတွေ ဘေးကင်းတယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။

အခင်းဖြစ်ရာ နေရာကို ကိုလံဘီယာ အရပ်ဘက် ကာကွယ်ရေး အဖွဲ့ဝင်တွေ ရဲအရာရှိတွေနဲ့ မီးသတ်သမားတွေကို တာဝန်ချထားပါတယ်။

အစိုးရရှေ့နေရုံးက နည်းပညာ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပညာရှင်တွေနဲ့ ရဲဌာန တရားရေး စုံစမ်းစစ်ဆေးမှု အဖွဲ့တွေက ပေါက်ကွဲရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေး နေပါတယ်။

No comments:

Post a Comment