Sunday, May 12, 2019

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် လေယာဉ်အတက်အဆင်း ယာယီပိတ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့ နံနက် ပျံသန်းလာသော မြန်မာအမျိုးသားလေကြောင်းလိုင်း Myanmar National Airline-MNA လေယာဉ်တစ်စီးသည် ၈ နာရီ ၃၀မိနစ်ခန့်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သည့်အတွက် လေယာဉ်အဆင်းအတက်ကို ယာယီပိတ်ပင်လိုက်ကြောင်း ယင်းလေဆိပ်မှ အကြီးအကဲတစ်ဦးက The Voice Daily သို့ ပြောကြားသည်။



“ဒီလေယာဉ်ကြီးဖယ်ပြီးမှပဲ လေယာဉ်အတက်အဆင်း ခွင့်ပြုလို့ရမယ်။” ဟု ၎င်းက ဆိုသည်။

လေယာဉ်အတက်အဆင်း အချိန်မည်မျှ ပိတ်ပင်သည်ကိုတော့ ပြောကြားခြင်းမရှိပေ။

အဆိုပါလေယာဉ်သည် မန္တလေဆိပ်သို့ ဆင်းသက်ချိန်တွင် ရှေ့ဘီးချမရ၍ အရေးပေါ်ဆင်းသက်ခဲ့ရသော်လည်း ယင်းလေယာဉ်ပေါ်ရှိ ခရီးသည် ၈၂ ဦး ထိခိုက်ဒဏ်ရာရသူ မရှိပေ။

ယင်းလေယာဉ်ကို အရေးပေါ်ဆင်းသက်နိုင်ခဲ့သော လေယာဉ်မှူးကြီးနှင့် လေယာဉ်ဝန်ထမ်းများကို မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က သွားရောက်ဂုဏ်ပြုခဲ့သည်။

No comments:

Post a Comment