Sunday, May 12, 2019

ဇွဲကရင်တောင်ပေါ်က မှန်ချပ်ခင်းရင်ပြင်ရဲ့ကြံခိုင်မှုကို ပညာရှင်အဖွဲ့လွှတ်ကာ ထပ်မံစစ်ဆေးမယ်

ဇွဲကပင်တောင်ပေါ်မှာ ခင်းထားတဲ့ မှန်ချပ် ရင်ပြင်ရဲ့ ကြံခိုင်မှုအတွက် ကရင်ပြည်နယ်အစိုးရက ပညာရှင်တွေ ထပ်မံ စေလွှတ်ကာ စစ်ဆေးမှုတွေ ပြုလုပ်မယ်လို့သိရပါတယ်။ မှန်ချပ်ရင်ပြင်စတင်ဆောက်လုပ်စဉ်ကတည်းက ပညာရှင် မပါဝင်တဲ့အတွက် ဝေဖန်မှုတွေရှိတဲ့အပြင် ပြည်နယ်အစိုးရ အဖွဲ့က စစ်ဆေးရေးအဖွဲ့ကို စေလွှတ် ကာ စစ်ဆေးစေခဲ့ပါတယ်။ ဒီလို စစ်ဆေးရာမှာ ပါဝင်ခဲ့တဲ့ ပညာရှင်တွေကတော့ ရင်ပြင်တော်မှာ ကြံခိုင်မှု အားနည်းတယ်လို့ ထောက်ပြခဲ့ပါတယ်။



ရင်ပြင်တော်ရဲ့ ကြံ့ခိုင်မှုကို ပြည်နယ်အစိုးရအဖွဲ့က ပညာရှင်တွေကိုစေလွှတ်ပြီး ပြန်လည်စစ်ဆေးဖို့အတွက် ဂေါပကအဖွဲ့ကို ဆက်သွယ်ရဦးမှာဖြစ်ပြီး မိုးမကျခင်အတွင်း အမြန်ဆုံး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဂေါပကအဖွဲ့ကတော့ ရင်ပြင်တော်ကြံ့ခိုင်ရေးအတွက် ပညာရှင်တွေစေလွှတ်ပြီး ပြန်လည်စစ်ဆေးမယ့်အပေါ် ကြိုဆိုတယ်လို့ ဂေါပကအဖွဲ့ထံမှ သိရပါတယ်။

ပေနှစ်ထောင်ကျော်မြင့်တဲ့ ဇွဲကပင်တောင်ပေါ်မှာ ရင်ပြင်တော်ကို မှန်ချပ်ခင်းပြီး တိုးချဲ့ ရာမှာတော့ ပညာရှင်မပါဝင်တဲ့အတွက် ကြံခိုင်မှု အပေါ် ဝေဖန်မှုတွေရှိနေတာပါ။

ဒါပေမယ့်လည်း မှန်ချပ်ခင်းရင်ပြင်တော်ကို ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က ဇွဲကပင်တောင်ဆရာတော်နဲ့ ဂေါပကအဖွဲ့ကဦးစီးပြီး ဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။

No comments:

Post a Comment