Sunday, May 12, 2019

ဘဏ္ဍဍာရေး စီမံမှုအလွဲ

ဘဏ္ဍဍာရေးအား တမင်ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မှားယွင်းသော၊ ဆိုးရွားသော၊ နမော်နမဲ့နိုင်သော၊ ထိရောက်မှုမရှိသော၊ ပိုင်နိုင်ကျွမ်းကျင်မှုမရှိသောဟု သတ်မှတ်နိုင်သည့် နည်းလမ်းမျိုးဖြင့် ကိုင်တွယ်စီမံခြင်းကို ဘဏ္ဍဍာရေးစီမံမှုအလွဲဟု ဆိုနိုင်ပြီး ယင်းက လုပ်ငန်းတစ်ရပ် သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦး၏ ဘဏ္ဍဍာရေးရပ်တည်မှုအပေါ် အနုတ်လက္ခဏာဆောင်သည့်သဘော ထင်ဟပ်စေလိမ့်မည်ဖြစ်သည်။ ဘဏ္ဍဍာရေးဆိုင်ရာ စီမံမှုအလွဲ ဖြစ်ပေါ်ပုံနှင့်ပတ်သက်၍ နည်းလမ်းများစွာကို တွေ့နိုင်သည်။
ဥပမာအားဖြင့် တာဝန်ခွဲဝေပုံ မှားယွင်းခြင်း၊ (ပေးချေရမှုများ၊ ငွေကြေးများနှင့် အခွန်ငွေများ အစရှိသည်တို့နှင့်ပတ်သက်၍) ပေါ့လျော့စွာ ကိုင်တွယ်ခြင်းနှင့် တာဝန်ရှိမှုကို လျစ်လျူပြုခြင်းတို့ အပြင် ဘဏ္ဍဍာရေးဆိုင်ရာ ပြဿနာများနှင့် စီးပွားရေးဆိုင်ရာ ရပ်တည်မှုတို့သည် ကြီးမားသော ဘဏ္ဍဍာရေးစီမံမှုအလွဲကို ဖြစ်စေနိုင်ပြီး စီးပွားရေးတစ်ရပ်လုံးကို အကြီးအကျယ် ပျက်စီးစေနိုင်သည်။ ဘဏ္ဍဍာရေးစီမံမှုအလွဲများ ဖြစ်ပေါ်သည့် ဖြစ်ရပ်အမျိုးမျိုးကို ရှုမြင်ခြင်းအားဖြင့် ဘဏ္ဍဍာရေးစီမံမှုအလွဲ၏ သက်ရောက်ပုံကိုလည်းကောင်း၊ ဘဏ္ဍဍာရေးစီမံမှု ကို ကောင်းစွာဆောင်ရွက်ခြင်းသည် စီးပွားရေးတစ်ရပ်၏ အောင်မြင်မှုအတွက် အရေး ကြီးပုံကိုလည်းကောင်း ကောင်းစွာနားလည်နိုင်သည်။


ဘဏ္ဍဍာရေးစီမံခန့်ခွဲမှုသည် လုပ်ငန်းတစ်ရပ် အောင်မြင်ရန်အတွက် အမြဲတမ်းအချက်အချာဖြစ်ပြီး စီးပွားရေးတစ်ရပ် ကောင်းစွာအလုပ်ဖြစ်ရန်အတွက် အလွန်အရေးကြီးသည်။ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်တို့သည်သာ ဘဏ္ဍဍာရေးစီမံခန့်ခွဲမှုအပေါ်၌ မှီခိုနေရသည်မဟုတ် ဘဲ လူ့အဖွဲ့အစည်းတစ်ရပ်လုံး၊ တစ်နိုင်ငံလုံးသည် ဘဏ္ဍဍာရေးစီမံခန့်ခွဲမှုအပေါ်၌ တည်မှီနေသည်ကို အထူးသတိပြုရန် လိုသည်။

အာဂျင်တီးနားနိုင်ငံသည် သဘာဝရင်းမြစ် ပေါကြွယ်ဝခြင်း၊ ကောင်းစွာ ပညာတတ်သော လုပ်သားအင်အားစုရှိခြင်း၊ ပို့ကုန်အခြေပြုသည့် စိုက်ပျိုးရေးကဏ္ဍဍရှိခြင်းတို့နှင့်အတူ လက်တင်အမေရိက၏ တတိယအကြီးဆုံး စီးပွားရေးကို ပိုင်ဆိုင်သည်။ သို့သော် အာဂျင်တီးနားနိုင်ငံ၏ စီးပွားရေးသည် အတက်အကျများ ဖြစ်ပေါ်ခဲ့သည်။ ၂၀ဝ၁ ခုနှစ်တွင် ပြင်းထန်သည့် စီးပွားရေးဆုတ်ကပ်ကို ရင်ဆိုင်ရပြီး သမိုင်းတစ်လျှောက် ဆင်းရဲမွဲတေမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့သည်။ နိုင်ငံ၏မြင့်တက်၍လာသော အစိုးရအဖွဲ့၏ အကြွေးများက စီးပွားရေးဆုတ်ကပ်အတွက် အကြောင်းတရားတစ်ရပ် ဖြစ်ခဲ့သည်။ ၂၀ဝ၉ ခုနှစ်အကုန်တွင် ဂရိနိုင်ငံသည် ယနေ့ခေတ် လူ့အဖွဲ့အစည်း၌ အဆိုးရွားဆုံး ဟုဆိုနိုင်သည့် စီးပွားရေးပြိုလဲမှုတစ်ရပ်ကို ကြုံတွေ့ရသည်။ ယင်းအကျပ်အတည်းသည် အဆိုးရွားဆုံးရလဒ်များကို ဖြစ်ပေါ်စေပြီး ဥပမာအားဖြင့် လူထု၏ ဆင်းရဲမွဲတေမှု လွန်စွာ မြင့်မားသွားခဲ့သည်။ အေသင်မြို့၌ပင် ဆိုင်များ၏ ရာခိုင်နှုန်း ၂၀ သည် ရုတ်တရက် ပြောင်သလင်းခါသွားခဲ့သည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီတွင် ဂရိနိုင်ငံသား ၂၀,ဝ၀ဝ သည် စားစရာ၊ နေစရာမဲ့များ ဖြစ်သွားခဲ့သည်။ အစိုးရ၏ အထိန်းအချုပ်မဲ့ သုံးစွဲမှုများ၊ အတိုးနှုန်း နည်းပါးစွာဖြင့် ငွေချေးမှုများနှင့် ဘဏ္ဍဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ရန် ပျက်ကွက်မှုများကြောင့် ကမ္ဘာ့စီးပွားရေးပျက်ကပ် ဖြစ်ပေါ်ချိန် ၌ ဂရိသည် ဆိုးဆိုးရွားရွား မွဲပြာကျသွားခဲ့သည်။ ဂရိနိုင်ငံသည် လုံးဝပြန်ဆပ်နိုင်ခြင်းမရှိသည့် အကြွေးနွံထဲသို့ နစ်သွားခဲ့သည်။

ယင်းကဲ့သို့ပင် ဘဏ္ဍဍာရေးကို မှန်ကန်စွာ စီမံခန့်ခွဲနိုင်မှုမရှိခြင်းကြောင့် စီးပွားရေးပြို လဲသွားခဲ့ရသည့် သာဓကများစွာရှိသည်။ ဘဏ္ဍဍာရေးစီမံမှုအလွဲသည် လုပ်ငန်းများ၊ လူ ပုဂ္ဂိုလ်များနှင့် နိုင်ငံများအတွက် အမြဲတမ်းကျရောက်လာနိုင်သည့် ပြဿနာတစ်ရပ်ဖြစ် သည်။ လူပုဂ္ဂိုလ်အဆင့်၌ ဘဏ္ဍဍာရေးစီမံမှုအလွဲကို ကာကွယ်ရန်အတွက် ငယ်ရွယ်စဉ်ကတည်းက ဘဏ္ဍဍာရေးဆိုင်ရာ ပညာပေးမှုပြုလုပ်ရန် အရေးကြီးသည်။ လုပ်ငန်းတစ်ရပ်အဆင့်၌မူ မှန်ကန်သော အရည်အချင်းနှင့် အတွေ့အကြုံရှိသည့်သူများကို မှန်ကန်သော နေရာ၌ ခန့်ထားရေးသည်လည်းကောင်း၊ လုပ်ငန်းအတွင်းရှိ ဘဏ္ဍဍာရေးအခြေအနေကို အဆက်မပြတ် ဆန်းစစ် သုံးသပ်နေရန်သော်လည်းကောင်း အရေးကြီးသည်။

မည်သို့ပင်ဆိုစေ၊ ဘဏ္ဍဍာရေးစီမံမှုအလွဲသည် လူပုဂ္ဂိုလ်များ၊ လုပ်ငန်းများနှင့် နိုင်ငံများ၏ ကံကြမ္မာကို ရုတ်ခြည်း ဆိုးရွားသွားစေနိုင်သည့် အကြောင်းတရားတစ်ရပ်ဖြစ်ပါကြောင်း  The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

No comments:

Post a Comment