Sunday, May 12, 2019

အနောက်တောင်မုတ်သုံလေ မေလ ၁၅ ရက် နောက်ပိုင်း ဝင်ရောက်နိုင် အားမကောင်း၍ မိုးအားလျော့နိုင်ဟု ဒေါက်တာထွန်းလွင် သတိပေး

အနောက်တောင်မုတ် သုံလေသည် မေလ ၁၅ ရက်တွင် မြန်မာနိုင်ငံတောင်ပိုင်းသို့ စတင် ဝင်ရောက်နိုင်သော်လည်း မုတ်သုံ လေအားမကောင်း၍ မိုးရွာသွန်းမှု လျော့နည်းနိုင်ကြောင်း မိုးလေဝ သပညာရှင် ဒေါက်တာထွန်းလွင် က ပြောသည်။  ‘‘မုတ်သုံလေက ဝင်တာ နောက်ကျတဲ့အပြင် အားလည်း မကောင်းဘူး။ ဒါတွေက စိုက်ပျိုး ရေးတောင်သူတွေအတွက်တော့ ရေလိုအပ်ချက်ရှိလာနိုင်တယ်’’ ဟု ဒေါက်တာထွန်းလွင်က သတိ ပေးသည်။



အနောင်တောင်မုတ်သုံလေ သည် ပုံမှန်အားဖြင့် မေလ ၅ ရက် တွင် မြန်မာနိုင်ငံတောင်ပိုင်းသို့ စတင် ဝင်ရောက်လေ့ရှိသော် လည်း ယခုနှစ်၌ ၁၀ ရက်ခန့် အနည်းဆုံးနောက်ကျနိုင်သည်။

မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ မေလ ၁၅ မှ ၂၀ရက်၊ မြစ်ဝကျွန်း ပေါ်ဒေသများသို့မေလ ၂၁ မှ ၂၅ရက်၊ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများသို့ မေလ ၂၆ မှ ၂၉ ရက်နှင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများသို့ မေလ ၃၀ မှ ဇွန်လ ၁ ရက်အတွင်း ၀င်ရောက်နိုင်ကြောင်း ဒေါက်တာဦးထွန်းလွင်က ခန့်မှန်းထားသည်။

မုတ်သုံလေဝင်ရာ လမ်း ကြောင်းတစ်လျှောက်တွင်လေထု မတည်မငြိမ်ဖြစ်လေ့ရှိကာ မြန်မာနိုင်ငံတောင်ပိုင်း ဒေသများတွင် လာမည့်ရက်များ၌ မိုးကြိုးပစ်ခြင်း၊လေပြင်းကျခြင်း စသည့် သဘာဝဘေးများ သတိပြုရန် လိုအပ်နေ သည်။ မြန်မာနိုင်ငံတောင်ပိုင်းဒေ သတွင် ပါဝင်သော တနင်္သာရီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ် အပြင် ဒေသချင်း ဆက်စပ်နေ သော ကရင်ပြည်နယ်၊ ပဲခူးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး တောင်ပိုင်းနှင့် ကယားပြည်နယ်၊ ချင်းပြည်နယ် တို့၌ မိုးတိမ်တောင်များဖြစ်ပေါ် နေကြောင်း ဒေါက်တာထွန်းလွင် က သတိပေးထားသည်။

No comments:

Post a Comment