Sunday, May 12, 2019

ရန်ကုန်တွင် အမှိုက်ရှင်းထားသော နေရာအချို့၌ ရက်ပိုင်းအတွင်း အမှိုက်ပြန်ပစ် စည်းကမ်းမဲ့အမှိုက်ပစ်သူများကို အစိုးရက ထိရောက်စွာ အရေးယူရန် Clean Yangon အဖွဲ့ တိုက်တွန်း

Clean Yangon အဖွဲ့ က ရှင်းလင်းခဲ့သော နေရာအချို့ ၌ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ ပြန်ရှိလာသောကြောင့် အစိုးရတာဝန်ရှိသူများက စည်းကမ်းမဲ့ အမှိုက်ပစ်သူများကို ထိရောက် စွာ အရေးယူပေးရန် ယင်းအဖွဲ့က တိုက်တွန်းပြောကြားသည်။ Clean Yangon အဖွဲ့က လူစည်ကားရာ နေရာများတွင် စုပေါင်းအမှိုက်ကောက်ခြင်း၊ အ မှိုက်များစွန့်ပစ်ခြင်းနှင့် ပတ်သက် ၍ အသိပညာပေးဟောပြောပွဲ များ၊ စွန့်ပစ်ပလတ်စတစ်အမှိုက် များကို ပြန်လည်အသုံးပြုနည်း (Recycle) လက်မှုသင်တန်းပေး ခြင်းကို ၂၀၁၇ မေလ ၁၀ ရက်က စတင်ဆောင်ရွက်ခဲ့သည်။ 


ယခုနှစ်တွင် အမှိုက်များပုံ နေသော ဘိုကလေးဈေးနှင့် ၄၂ လမ်း နောက်ဖေးလမ်းကြားကို မေလ ၁ ရက်တွင်လည်းကောင်း၊ ကမာရွတ်မြို့နယ် အမှတ်(၆)ရပ် ကွက်ရှိ ပြည်ရိပ်မွန်အိမ်ရာ တိုက် (၁၂)၊ (၁၃)၊ (၁၄)၊ (၁၅) နောက် ဖေးလမ်းကြားကို ဇန်နဝါရီ ၂၇ ရက်တွင်လည်းကောင်း၊ သိမ်ဖြူဈေးရှေ့ရှိ ရေမြောင်းကို ဧပြီ ၆ ရက်တွင်လည်းကောင်း လုပ်အားပေး စေတနာဝန်ထမ်းများနှင့် စုပေါင်း ၍ အမှိုက်များ ရှင်းလင်းခဲ့သည်။

သို့သော် ဧပြီ ၆ ရက်က ရှင်းလင်းခဲ့သော ဗိုလ်မင်းရောင်နှင့် သိမ်ဖြူဈေးအနီးရှိ ရေမြောင်းနှင့် နေရာအချို့တွင် အမှိုက်များ ပြန် လည်ရှုပ်ပွလာသည်။ အလားတူ အချို့နေရာများတွင်လည်း အ မှိုက်ပြန်လည်စွန့်ပစ်မှု ရှိလာ သည်။

ထိုသို့ အမှိုက်များပြန်လည် ရှုပ်ပွလာခြင်းကို အစိုးရက ထိ ရောက်စွာ အရေးယူသင့်ကြောင်း Clean Yangon အဖွဲ့ တည်ထောင်သူ ကိုဇေယျာထွန်းကပြောသည်။

‘‘ကျွန်တော်တို့အနေနဲ့ အသိပညာပေးတဲ့ လုပ်ငန်းတွေမှာ ရာခိုင်နှုန်း အနည်းငယ်လောက်သာ လိုက်နာနိုင်တာကို တွေ့ရပါတယ်။ Percentage တိုးဖို့အတွက်က သက်ဆိုင်ရာအာဏာပိုင်တွေမှာ ပိုပြီးတော့ တာဝန်ရှိတယ်။ အာဏာပိုင်တွေဘက်ကလည်း အသိပညာပေးမယ်၊ ထိထိရောက် ရောက် အရေးယူပေးမယ်ဆိုရင် စည်းကမ်းမဲ့ အမှိုက်ပစ်တာ လျော့ ပါးသွားမယ်’’ဟု ကိုဇေယျာထွန်း က ပြောသည်။

အမှိုက်ရှင်းပြီး နေရာအချို့ တွင် အမှိုက်များ ပြန်လည်ရှုပ်ပွ လာခြင်းသည် ပြည်သူများ အမှိုက် ပစ်ရန် အမှိုက်ပုံးများ လုံလုံ လောက်လောက်မရှိခြင်းကြောင့် ဖြစ်ကြောင်း သိမ်ဖြူဈေးအနီး နေထိုင်သူတစ်ဦးက ပြောသည်။

‘‘အမှိုက်ကတော့ ရှင်းသွား တယ်။ နောက်နေ့ရောက်တော့ အိမ်ခြေများတဲ့ဘက်က စွန့်ပစ် လိုက်တဲ့ အမှိုက်တွေက ရေ မြောင်းထဲမှာရှိတဲ့ ပိုက်လုံးကြီးနဲ့ ကန့်လန့်ခံနေတဲ့အတွက် အမှိုက် တွေက သူ့ကိုမကျော်နိုင်ဘဲ တစ် နေတာ။ ပိုက်လုံးကို ရေအောက် မြှုပ်လိုက်ရင် အမှိုက်တွေမတစ် တော့ဘူး’’ဟု ၎င်းကပြောသည်။

 ရပ်ကွက်အုပ်ချုပ်ရေးမှူး များဘက်ကလည်း ထိထိရောက် ရောက် အရေးယူခြင်း၊ ဒဏ်ငွေ ရိုက်ခြင်းမရှိကြောင်း ၎င်းကဆက် လက်ပြောသည်။

‘‘လက်တွေက ယဉ်ပါးနေ တော့ အမှိုက်ကတော့ ပစ်နေဦး မှာပဲ။ ကျွန်တော်တို့ဘက်ကတော့ မပစ်ဖို့တော့ နှိုးဆော်နေပါတယ်’’ ဟု နောက်ဖေးလမ်းကြား ရှင်း လင်းရေး လုပ်ဆောင်ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သော ဘိုကလေးဈေးလမ်းနှင့် ၄၂ လမ်းရှိ ရပ်ကွက်ဆယ်အိမ်မှူးက ပြောသည်။

၎င်းတို့ရှင်းခဲ့သော နေရာတွင် သိသိသာသာ အမှိုက်ချခြင်းမရှိသော်လည်း လမ်းအတွင်းနေ ထိုင်သူများသည် အိမ်ငှားအများစုဖြစ်ပြီး စည်းကမ်းမရှိသောကြောင့် ရပ်ကွက်ရန်ပုံငွေဖြင့် အငှားသန့်ရှင်းရေးခေါ်ပြီး တစ်ပတ်တစ်ခါ ရှင်းလင်းရေးလုပ် ကြောင်း အထက်ပါ ဆယ်အိမ်မှူး ကဆိုသည်။ Clean Yangon သည် လက်ရှိတွင် အမှိုက်ကင်းစင်ရေးလုပ် ငန်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် စေတနာ့ဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံပရဟိတအသင်းအဖွဲ့ပေါင်း ၅၀ တို့နှင့် ပူးပေါင်း၍ လုပ်ဆောင်နေသည်။ အဖွဲ့ (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို မဟာဗန္ဓုလပန်းခြံ၌ မေလ ၁၉ ရက် မွန်းလွဲ ၃ နာရီတွင် ကျင်းပမည်ဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များ၏ ဆွေးနွေးပွဲစကားဝိုင်းများ၊ တေးသီချင်းဖျော်ဖြေမှုများနှင့် ဉာဏ်ရည်မသန်စွမ်း ကလေးငယ်များ၊ မိဘမဲ့ကလေး ငယ်များ၏ လက်မှုပစ္စည်းများ ရောင်းချခြင်း စသည်တို့ ပါဝင်မည်ဖြစ်သည်။ အဆိုပါအဖွဲ့သည် အများအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေသဖြင့် (၁၀)ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲတွင် အထူးဆုရရှိခဲ့သည်။

No comments:

Post a Comment