Sunday, May 12, 2019

အမုန်းစကား စည်းကမ်းကြပ်မတ်မည့် ပြင်သစ်အစိုးရကို ဖေ့စ်ဘွတ်ခ်တည်ထောင်သူ ချီးကျူး

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကို တည်ထောင်သူ မတ်ခ် ဇူကာဘတ်က အင်တာနက်ပေါ်က အမုန်းစကားတွေကို စည်းကမ်း ကြပ်မတ်မယ့် ပြင်သစ်အစိုးရကို မေလ ၁၀ ရက်က ချီးကျူးလိုက်ပါတယ်။ြ ပင်သစ်မြို့တော်ပါရီမှာ သမ္မတ အီမန်နျူယယ်မက်ခွန်းနဲ့ တွေ့ဆုံအပြီး ခုလို ပြောလိုက်တာပါ။ အမေရိကန် အခြေစိုက် လူမှုကွန်ရက်လုပ်ငန်း ဖေ့စ်ဘွတ်ခ်ဟာ နယူးဇီလန်နိုင်ငံအတွင်း မတ်လက ပစ်ခတ်မှုရုပ်သံကို သူ့ရဲ့ လူမှုကွန်ရက်ပေါ်ကနေ အမြန်ဖယ်ဖို့ ပျက်ကွက်ခဲ့လို့ နိုင်ငံရေး သမားတွေနဲ့ သုံးစွဲသူတွေရဲ့ ဝေဖန်ပြစ်တင်မှုကို အကြီးအကျယ်ခံခဲ့ရပါတယ်။



မက်ခွန်းဟာ ဖေ့စ်ဘွတ်ခ်ကို ပိုကြီးကြပ်ဖို့ ထောက်ခံထားသူပါ။ သူ ညွှန်ကြားထားတဲ့ အစီရင်ခံစာ ထွက်လာချိန်နဲ့ ဇူကာဘတ်နဲ့ မက်ခွန်းတို့ ဆွေးနွေးချိန်က တိုက်ဆိုင်နေပါတယ်။

ကျနော်တို့ဟာ အင်တာနက်အတွက် အစိုးရတွေနဲ့ ကုမ္ပဏီတွေရဲ့ တာဝန်ခံမှုကို ရှင်းရှင်းလင်းလင်း ဖော်ပြမယ့် စည်းမျဉ်းသစ်တွေ လိုအပ်တယ်။

ဒါကြောင့် ကျနော်တို့က သမ္မတ မက်ခွန်းရဲ့ အဖွဲ့နဲ့အတူ အလုပ်လုပ်ချင်တယ်။ ကျနော်တို့ က လုပ်ငန်းစဉ်တရပ် လိုနေတယ်လို့ ဇူကာဘက်က ဖရန့်စ်တူး ရုပ်သံနဲ့ လူတွေ့ မေးမြန်းခန်းမှာ ပြောပါတယ်။

အင်တာနက်အပေါ် အမေရိကန်နဲ့ တရုတ်တို့ရဲ့ ရပ်တည်ချက်တွေကြားက ဟန်ချက်ညီမှုကို ရှာနေတဲ့ ပြင်သစ်သမ္မတက ပြင်သစ်အစိုးရကို နည်းပညာစည်းမျဉ်း သတ်မှတ်တဲ့ နေရာမှာ ဦးဆောင်မှု အခန်းကဏ္ဍကို ရစေချင်နေတာပါ။

ပြင်သစ် အာဏာပိုင်တွေဟာ ဖေ့စ်ဘွတ်ခ်ရဲ့ ပြဿနာ ဖြေရှင်းနည်း စနစ်နဲ့ စည်းကမ်းတွေကို ပိုပြီး လက်လှမ်းမီသင့်တယ်၊ အမုန်းစကားနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်ရဲ့ မူဝါဒတွေကို စစ်ဆေးရာမှာ ပိုကြီးကြီး တိုင်းတာသင့်တယ်လို့ စာမျက်နှာ ၃၃ မျက်နှာပါတဲ့ အစီရင်ခံစာက ထောက်ခံထားပါတယ်။

No comments:

Post a Comment