Saturday, May 18, 2019

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါငွေစက္ကူ ယခုနှစ်ကုန်ပိုင်းတွင် ထွက်လာနိုင်ဖွယ်ရှိ

ဗိုလ်ချုပ်အောင် ဆန်းရုပ်ပုံဖြင့် ငွေစက္ကူထုတ်ဝေ ခြင်းကို လက်ရှိအစိုးရသက်တမ်း အတွင်းထွက်ရှိလာမည်ဖြစ်ပြီး ၂၀၁၉ နှစ်ကုန်တွင်ဖြစ်ဖွယ် ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟို  ဘဏ်ဒုတိယဥက္ကဋ္ဌဦးစိုးသိန်းက ပြောသည်။  ‘‘တော်တော်ကြီးကို ခရီး ရောက်နေပါပြီ။ ဒီနှစ်အကုန် လောက်မှာ ထွက်နိုင်ရင်လည်း  ထွက်နိုင်မယ်၊ မဟုတ်ရင်လည်း ဟိုဘက်နည်းနည်းလောက်မှာ ထွက်လာနိုင်မယ့် အနေအထား မှာရှိပါတယ်’’ ဟု ၎င်းကပြော သည်။  နေပြည်တော်ရှိ ပြန်ကြား ရေးဝန်ကြီးဌာန၌ မေလ ၁၇ ရက် က ပြုလုပ်သောအစိုးရတတိယ တစ်နှစ်တာကာလအတွင်းဆောင် ရွက်ခဲ့မှုများဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခြင်း ဖြစ်သည်။


ဗိုလ်ချုပ်ရုပ်ပုံဖြင့်ငွေစက္ကူ ထုတ်ဝေရန် လုံခြုံမှုအပိုင်းနှင့် ဒီဇိုင်းရေးဆွဲခြင်း လုပ်ဆောင်နေကြောင်း ၎င်းကဆက်လက်ပြောသည်။ သို့သော်ငွေစက္ကူဒီဇိုင်းပုံစံ၊  ထုတ်လုပ်မည့်ငွေပမာဏနှင့် အသေးစိတ်  အချက်အလက်ကိုထုတ်ဖော်ပြောဆိုခြင်းမရှိပေ။  အနာဂတ်တွင် ရိုက်နှိပ် ထုတ်ဝေမည့် ငွေစက္ကူများ၌ ဗိုလ်ချုပ်အောင်ဆန်းပုံထည့်သွင်း ရေးအဆိုကို မြိုင်မြို့နယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦး အောင်ခင်ဝင်းက ၂၀၁၇ အတွင်း   တင်သွင်းရာတပ်မတော်သားနှင့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် များက ကန့်ကွက်သော်လည်း လွှတ်တော်၌ ထောက်ခံသူများ၍ အတည်ပြုသည်။

No comments:

Post a Comment