Saturday, May 18, 2019

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ပိုင်ဆိုင်မှု သုညသာသာရှိဟု ဦးရွှေမန်းဆို

 ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ပိုင် ဆိုင်မှုသည် သုညသာသာရှိဟု ပါတီခေါင်းဆောင်သူရဦးရွှေမန်းက ပြောကြားလိုက်သည်။ မေ ၁၄ရက်က ပဲခူးမြို့တွင် ကျင်းပသည့် ပြည်ထောင်စုကောင်း ကျိုးဆောင်ပါတီ ပဲခူးတိုင်းဒေသကြီးရုံးဖွင့်ပွဲအခမ်းအနားတွင် ゞင်း က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ""ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရဲ့ပိုင်ဆိုင်မှုက ပြောရ မယ်ဆိုရင် သုညသာသာပဲရှိတာပေါ့""ဟု ၄င်းကပြောသည်။

ယင်းအပြင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် ゞင်း အပေါ်တွင် ဝေဖန်မှုများစွာရှိနေကြောင်း၊ အဓိကမှာ ပိုင်ဆိုင်မှုကိစ္စ နှင့်ပတ်သက်၍ ဝေဖန်နေမှုများပင်ဖြစ်ပြီး ယင်းဝေဖန်မှုများမှာ မသိ၍ဝေဖန်ခြင်းနှင့် အပုပ်ချလို၍ ဝေဖန်နေခြင်းများဖြစ်ကြောင်း ゞင်းက ပြောသည်။ ယင်းအပြင် ရွေးကောက်ပွဲဝင်ပါက ၄င်း၏ပိုင်ဆိုင်မှုကို အချိန် မရွေးချပြနိုင်ကြောင်းလည်း သူရဦးရွှေမန်းက ပြောသည်။ ""ပိုင်ဆိုင်မှုဆိုင်ရာတွေကို တာဝန်ယူနိုင်တယ်""ဟုလည်း ၄င်းက ပြောသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို မကြာသေးမီကမှ ပါတီ မှတ်ပုံတင်ခွင့်အတည်ပြုပေးခဲ့ခြင်းဖြစ်သော်လည်း လက်ရှိအချိန်တွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသို့ဝင်ရောက်လာသည့် ပါတီ ဝင်အရေအတွက်မှာ သောင်းချီရှိနေပြီဖြစ်ကြောင်း ၄င်းက ပြော သည်။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးအားလုံးရှိ မြို့နယ်များတွင် ရွေး ကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းလည်း သူရဦးရွှေ မန်းက ပြောကြားထားသည်။ပါတီတိုင်းရုံးဖွင့်ပွဲတွင် ပါတီဝင်အဆိုပြုလွှာများကိုလည်း ပေး အပ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment