Saturday, May 18, 2019

မုတ်သုံမဝင်မီကာလအထိ မိုးတိမ်တောင်များကြောင့် လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွခြေင်းနှင့် နေရာကွက်ကြား မိုးကြီးခြင်းများ ဖြစ်ပေါ်မည်

မုတ်သုံမဝင်မီကာလအထိ မိုးတိမ်တောင်များကြောင့် လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွခြေင်းနှင့် နေရာကွက်ကြား မိုးကြီးခြင်းများ ဖြစ်ပေါ်နေဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားသည်။ “မုတ်သုံမဝင်သေးတော့ မိုးကြိုကာလဖြစ်စဉ် မုတ်သုံမဝင်သေးခင် နွေရာသီကာလစပ်ကြား လေထုမငြိမ်သက်မှုတွေ၊ နေ့အပူချိန်တွေက မိုးတိမ်တောင်အဖြစ်များတဲ့ ကာလပေါ့၊ လေထုက စိုထိုင်းစလဲ များတယ်။
အဲဒါကြောင့် လေပြင်းတိုက်တာတွေ မိုးရွာတာတွေရှိတယ်။ အဓိကကတော့ မိုးကြိုကာလမှာ မိုးတိမ်တောင်တွေ အားကောင်းမှုကြောင့် လေပြင်းတိုက်တာတွေ၊ မိုးကြိုးပစ်တာ၊ နေရာကွက် မိုးကြီးတာတွေ ရှိနိုင်သေးတယ်။ အချို့နေရာတွေမှာဆို မိုးသီးကြွတောတွေပါ ရှိနိုင်တယ်။ မုတ်သုံစဝင်တဲ့အချိန် တစ်ပတ် နှစ်ပတ်အထိ ဒါမျိုးတွေဖြစ်တတ်တယ်” ဟု ဦးလှထွန်းက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေ ၁၇ ရက်နေ့မိုးလေဝသ အခြေအနေ ထုတ်ပြန်ချက်တွင် တနင်္သ࿿ာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် နေ့အပူချိန်များအနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ထက် ၅ ဒီဂရီစင်တီဂရိတ်မှ ၆ ဒီဂရီစင်တီဂရိတ်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ထက် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်အထိနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သ࿿ာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ထက် ၂ ဒီဂရီစင်တီဂရိတ် ပိုခဲ့ကြောင်း မိုးဇလ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထူးခြားသည့် နေ့အပူချိန်များအနေဖြင့် ချောက်မြို့တွင် ၄၂ ဒီဂရီစင်တီဂရိတ်၊ မြင်းမူမြို့၊ သာယာဝတီမြို့နှင့် ဘော်လခဲမြို့တို့တွင် ၄၁ ဒီဂရီစင်တီဂရိတ်စီနှင့် မြင်းခြံမြို့၊ ညောင်ဦးမြို့၊ ကျောက်ဆည်မြို့၊ မကွေးမြို့၊ ပခုက္ကူမြို့၊ ဂန့်ဂေါမြို့၊ ဆင်ဖြူကျွန်းမြို့၊ အမ်းမြို့၊ ကြို့ပင်ကောက်မြို့နှင့် ဟင်္သ࿿ာတမြို့တို့တွင် ၄၀ ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ကြောင်း၊ မှတ်သားဖွယ်ရာ မိုးရေချိန်များသည် ကော့သောင်းမြို့တွင် ၁ ဒသမ ၈၉ လက်မ၊ ရေးမြို့တွင် ၁ ဒသမ ၆၉ လက်မ၊ ဝမ်းတွင်းမြို့တွင် ၁ ဒသမ ၃၀ လက်မ၊ ပြည်မြို့တွင် ၁ ဒသမ ဝ၃ လက်မ၊ မော်လိုက်မြို့တွင် ဝ ဒသမ ၇၁ လက်မ၊ ရန်ကုန်(ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်)တွင် ဝ ဒသမ ၅၉ လက်မ၊ ပခုက္ကူမြို့တွင် ဝ ဒသမ ၅၂ လက်မ၊ မြစ်ကြီးနားမြို့တွင် ဝဒသမ၃၅လက်မ၊ တွန်းဇံမြို့နှင့် မင်းကင်းမြို့တို့တွင် ဝ ဒသမ ၃၂ လက်မစီ ရွာသွန်းခဲ့ကြောင်းသိရသည်။

No comments:

Post a Comment