Saturday, May 18, 2019

ရှန်ဟိုင်းတွင် အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ၁၀ ဦးအထိ ရှိလာ

 မေ ၁၆ ရက်က ရှန်ဟိုင်းရှိ ပြိုကျခဲ့သော အဆောက်အအုံနေရာ၌ ကယ်ဆယ်ရေးသမားများအား တွေ့ရစဉ်ရွန္ဟိုင္းတြင္ အသစ်ပြုပြင်တည်ဆောက်နေသော စီးပွားရေးအဆောက်အအုံတစ်ခု ပြိုကျမှုအတွင်း သေဆုံးသူ သုံးဦးထပ်တိုးလာခြင်းကြောင့် သေဆုံးသူအရေအတွက်မှာ ၁၀ ဦးထိ မြင့်တက်လာကြောင်း ရှန်ဟိုင်းမြို့အစိုးရ အဖွဲ့က မေ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ မေ ၁၆ ရက် နေ့လယ်ပိုင်းတွင် အထပ်နိမ့် အဆောက်အဦး ထက်ဝက်ခန့်မှာ ပြိုကျသွားခဲ့ပြီး ဆောက်လုပ်ရေးအလုပ်သမားများသည် ကွန်ကရစ်တိုင်လုံး အပျက်အစီးများနှင့် ကျိုးကျသွားသော သစ်သားရက်မ အပျက်အစီးများအောက်တွင် ပိမိသွားခဲ့ကြောင်း သိရသည်။
အပျက်အစီးများအောက်တွင် လူ ၂၅ ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုထဲမှ လူ ၁၀ ဦးမှာ ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ လူမှုမီဒီယာမှတစ်ဆင့် ရှန်ဟိုင်းအစိုးရအဖွဲ့၏ ထုတ်ပြန်မှုအတွင်း အဆောက်အအုံပြိုကျမှု၌ လူမည်မျှ ပျောက်ဆုံးနေဆဲဖြစ်သည်ကို တိတိကျကျ ဖော်ပြခဲ့ခြင်းမရှိပေ။

ဖုန်များပေကျံနေပြီး သွေးထွက်ဒဏ်ရာများ ရရှိထားသော အလုပ်သမားများကို ကယ်ဆယ်ရေးများက အပျက်အစီးအောက်မှ ကယ်ထုတ်နေသည်ကို တွေ့မြင်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းထောက်တစ်ဦးက ဆိုသည်။ ပြိုကျမှုဖြစ်ပွားခဲ့သည့် အဆောက်အအုံမှာ ယခင်က မာစီးဒီးဘင့်ဇ်ကားများ ရောင်းချရန်အတွက် အသုံးပြုခဲ့ခြင်းဖြစ်ကာ နောက်ပိုင်းတွင် ထိုအဆောက်အအုံကို လူတစ်ဦးမှတစ်ဦးသို့ လွှဲပြောင်းရောင်းချခဲ့ပြီး ဗိသုကာလက်ရာမျိုးစုံသုံး၊ ဒီဇိုင်းပုံစံတီ ထွင်ဆန်းသစ်သည့် အဆောက်အဦအဖြစ် အသစ်ပြုပြင် တည်ဆောက်နေခြင်းဖြစ်ကြောင်း တရုတ်မီဒီယာက ထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment