Saturday, May 18, 2019

ကျန်းမာရေးသံတမန်အဖြစ် အချက်သုံးချက်ကို အဓိကထားလုပ်ဆောင်သွားမယ့် ချစ်သုဝေ

ပန်းလှိုင်စီလုံဆေးရုံက ကျန်းမာရေးသံတမန် ခန့်အပ် သောကြောင့် ကျေနပ်ရသကဲ့သို့ ကျေပွန်စွာထမ်းဆောင်မည်ဖြစ် ကြောင်း အဆိုတော်၊ သရုပ် ဆောင်ချစ်သုဝေက ပြောသည်။ ‘‘မထရီဇာက ဆရာဝန်၊အနု ပညာရှင်တစ်ယောက်လည်းဖြစ် တယ်။ ကိုယ်က ဆရာဝန်အလုပ် ကိုလည်း Service မ၀င်နိုင်ဘဲ နှစ် တွေတော်တော်ကြာခဲ့ပြီ။ အဲဒီမှာ ဒီလိုယုံကြည်မှုတစ်ခုနဲ့ မထရီဇာ ကို ခန့်အပ်ခြင်းအပေါ်မှာ တာဝန် ယူမှုအပိုင်းတွေရှိလာတယ်။ မထ ရီဇာကျေနပ်တယ်။ ကျန်းမာရေး သံတမန်တစ်ယောက်အနေနဲ့ တာဝန်လေးတွေပိုသွားမယ်။ ဂရု တစိုက်လေးတွေရှိလာမယ်။ အဲဒီ တော့ ဒါကြီးကို တာဝန်တစ်ခုလို့ မြင်တယ်။ မထရီဇာစိတ်ထဲမှာ ကျေကျေနပ်နပ်လေးဖြစ်တယ်။ အဲဒါလေးကို ကျေပွန်အောင် ထမ်းဆောင်ရမှာပါလားဆိုတဲ့ စိတ်လေးလည်းရှိပါတယ်’’ ဟု ၎င်းကပြောသည်။

 အဓိကအားဖြင့် ကျန်းမာ ရေးဆိုင်ရာဟောပြောပွဲများ၊ ကျန်းမာရေးဆိုင်ရာအသိပညာ ပေးပွဲများတွင် ပါဝင်ဆောင်ရွက်ရ မည်ဖြစ်သည်။

ယခုနှစ် ကျန်းမာရေးသံတ မန်အဖြစ် ဆောင်ရွက်ရာတွင် အ ချက်သုံးချက်ကို Target လုပ်ထား ကြောင်း ချစ်သုဝေကဆိုသည်။

‘‘အဓိကက မိခင်နို့ချိုတိုက် ကျွေးခြင်းနဲ့ဆိုင်တဲ့အရာလေး တွေ၊ Topic လေးတွေပါမယ်။ နောက်တစ်ခုကကျတော့ မထရီ ဇာတို့နိုင်ငံမှာ ရင်သားကင်ဆာ ဟာ ထိပ်ဆုံးဖြစ်နေတာကိုး။ အဲဒီ တော့ အမျိုးသမီးတွေအားလုံး ဒီရင်သားကင်ဆာနဲ့ပတ်သက်တဲ့ Awareness တွေရသွားဖို့အတွက် ရင်သားကင်ဆာနဲ့ Awareness ကမ်ပိန်းလေးတွေပါလာမယ်။ နောက် မိခင်အသေအပျောက်နှုန်း တွေ၊ ကလေးအသေအပျောက် နှုန်းတွေ အရမ်းများနေတဲ့ တိုင်း ပြည်ကြီးမှာ မထရီဇာတို့ Maternal and Child Health ကလည်း အရေးကြီးတယ်။ အဲဒါလေးတွေ ကို အဓိကထားပြီးလုပ်သွားမယ်’’ ဟု ၎င်းကဆိုသည်။

ကိုယ်တိုင် ကျန်းမာရေး ၀န်ထမ်းဖြစ်ဖူးသကဲ့သို့ ကျန်းမာ ရေးအသိပညာများ  သင်ယူခဲ့ သည့်အပြင် ကလေးနှစ်ဦးမိခင် ဖြစ်နေသဖြင့် ၎င်းလုပ်ချင်သည့်အ လုပ်များကို လုပ်ခွင့်ရမည်ဖြစ် သောကြောင့် ၀မ်းသာသည်ဟုဆို သည်။ လတ်တလောတွင် အစာ အိမ်ဆေးကြော်ငြာအပြင် သမီး လေးနှစ်ဦးနှင့် ကြော်ငြာတစ်ခု ရိုက်ကူးရန် လက်ခံထားသကဲ့သို့ ပွဲများဆိုဖြစ်နေကြောင်း ချစ်သု ဝေက ပြောသည်။

No comments:

Post a Comment