Saturday, May 18, 2019

နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲအတွက် အင်္ဂလန်လက်ရွေးစင်အသင်းက ကိန်းကိုရွေးချယ်ထား

 ခြေချင်းဝတ်ဒဏ်ရာရပြီး နောက် တိုက်စစ်မှူးဟယ်ရီကိန်း  ကလပ်အသင်း စပါးအတွက်ပြန် မကစားရသေးသော်လည်း ဇွန်လ ဆန်းတွင် ကစားမည့် နေးရှင်း လိဂ်ဆီမီးဖိုင်နယ်ပွဲအတွက် အင်္ဂ လန်က ကိန်းကိုရွေးချယ်ထား သည်။ ပေါ်တူဂီတွင် ကစားရမည့် ပြိုင်ပွဲအတွက် ကနဦး ၂၇ ဦးစာ ရင်းတွင် ဟယ်ရီကိန်းကို ရွေးချယ် ထားသည်။ ယင်းတွင် အင်္ဂလန်က ဇွန်လ ၆ ရက်၌ နယ်သာလန်နှင့် ကစားမည်ဖြစ်ကာ အခြားဆီမီး ဖိုင်နယ်တွင် အိမ်ရှင်ပေါ်တူဂီနှင့် ဆွစ်ဇာလန်တို့ယှဉ်ပြိုင်မည် ဖြစ် သည်။

 ကိန်းသည် ချန်ပီယံလိဂ်ကွာ တားဖိုင်နယ် မန်စီးတီးနှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ဧပြီ ၉ ရက် နောက်ပိုင်း ပြန်မကစားနိုင်သေး ပေ။ စပါးသည် ချန်ပီယံလိဂ်ဗိုလ် လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး နောက် ဇွန်လ ၁ ရက်တွင် မက်ဒ ရစ်မြို့၌ လီဗာပူးနှင့် ရင်ဆိုင်တွေ့ မည်ဖြစ်သည်။ မိမိအနေဖြင့် အင်္ဂလန်အ သင်းခေါင်းဆောင်ကိန်းအတွက် လမ်းဖွင့်ထားသည်ဟု အင်္ဂလန် နည်းပြ ဆောက်သ်ဂိတ်က ပြော ကြားသည်။

‘‘သူက စပါးအသင်းရဲ့ဗိုလ် လုပွဲအတွက် ကြံ့ခိုင်မှုပြည့်ဝဖို့ ကြိုးစားနေပါတယ်။ တိုးတက်မှု ဘယ်လိုရှိမလဲဆိုတာ ကြည့်ရှုရပါ ဦးမယ်’’ ဟု ဆောက်သ်ဂိတ်က ပြောသည်။ အကယ်၍ ကိန်းအနေဖြင့် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝပါက ကိုးရက်အတွင်း ပွဲကြီးသုံးပွဲပါဝင် ကစားရနိုင်သည်။

မိမိအနေဖြင့် ကိန်းသာမက အသင်းမှ အခြားလူများကိုလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးတွင် ပြန်လည်အကဲဖြတ်ရဖွယ်ရှိသည် ဟု ဆောက်သ်ဂိတ်က ဆက်လက် ပြောသည်။  ‘‘ချန်ပီယံလိဂ်ဗိုလ်လုပွဲအ လွန်ကာလ ကျွန်တော်တို့ လူ တိုင်းကို ကြည့်ရှုသုံးသပ်ရပါဦး မယ်။ ဘာဖြစ်လို့လဲဆိုတော့အဲဒီ ပွဲပြီးရင် အားလုံးစိတ်ရောကိုယ်ပါ မောပန်းနွမ်းနယ်နေမှာဖြစ်တာ ကြောင့်ပါပဲ’’ ဟု အင်္ဂလန်နည်းပြ က ပြောသည်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အင်္ဂလန်လက်ရွေးစင်ရှစ်ဦး ပါ ဝင်နေကာ စပါးမှ ငါးဦး၊ လီဗာ ပူးမှ သုံးဦးဖြစ်သည်။

No comments:

Post a Comment