Saturday, May 18, 2019

မကွေးတိုင်းဒေသကြီး မြို့နယ်ရှစ်မြို့နယ်ရှိ ကျေးလက်ကျန်းမာရေးဌာနများတွင် အခြေခံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း စီမံချက်ကို ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ လုပ်ဆောင်မည်

မကွေးတိုင်းဒေသကြီးရှိ  မြို့နယ်ရှစ်မြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် JICA အဖွဲ့ ပူးပေါင်းပြီး Rural Health Development Through Strengthening Basic Health Services  စီမံချက်ကို ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။ေ မ ၁၅ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် JICA မှ Chief Representative  နှင့်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် JICA အဖွဲ့ ပူးပေါင်းပြီး  Rural Health Development Through Strengthening Basic Health Services Project  ကို မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ရှစ်မြို့နယ်တွင်၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။



“ဒီစီမံချက်မှာ ကျေးလက်ကျန်းမာရေးဌာနနဲ့ ဌာနခွဲတွေမှာ မိခင်နဲ့ ကလေး ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းတွေ၊ အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ သွေးတိုး/ဆီးချို သွေးချိုစစ် ဆေးပေးတာစတဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ ပိုမိုဆောင်ရွက်နိုင်ဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေလုပ်နေတဲ့ စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားတွေ အပါအဝင် ကျေး ရွာလူထုက ပိုမိုတက်ကြွစွာ ပါဝင်ဆောင် ရွက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။  JICA အဖွဲ့နဲ့ဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်းပြီး စီမံချက်အကောင် အထည်ဖော်ဆောင်ရွက်မှု အဆင့်ဆင့်ကို စောင့်ကြပ်ကြည့်ရှု ဆန်းစစ်သွားမှာဖြစ်ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


လက်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် သက်ကြီးရွယ်အို ကျန်းမာရေး စောင့်ရှောက်မှုအပါအဝင် အခြား ကုသရေးလုပ်ငန်းများ လုပ်ဆောင်ရန် တစ်နိုင်ငံလုံးရှိ ကျေးလက်ကျန်းမာရေးဌာန ၁၇၀ဝ ကျော်တွင် ‘ပြည်သူလူထုအခြေပြု  ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်း’ များ ဖွင့်လှစ် လုပ်ဆောင်ပေးလျက်ရှိသည်။

အဆိုပါ ဆေးခန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးလက်ကျန်းမာရေးဌာန ၁၇၀ဝ ကျော် တွင်ဖွင့်လှစ်ထားပြီး သွေးတိုး၊ ဆီးချိုရောဂါကို စစ်ဆေးဖော်ထုတ်ကုသပေးခြင်းနှင့် လိုအပ်သလို ညွှန်းပို့ခြင်းများ၊ သက်ကြီးရွယ်အိုကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း လုပ်ငန်း၊ ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်းလုပ်ငန်းတို့ကို အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အချက်အလက်များအရ သိရသည်။

မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ဆီးချို သွေးချိုရောဂါဖြစ်နှုန်း တစ်ရှိန်ထိုး မြင့်တက်လာခြင်းကြောင့် လာမည့် ၂၀၃၀ ပြည့် နှစ်တွင် ကမ္ဘာ့သေဆုံးမှု အများဆုံးရောဂါ နံပါတ် ၇ နေရာ၌ရပ်တည်လာမည် ဖြစ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ခန့်မှန်းထားသည်။

ဆီးချိုသွေးချိုရောဂါသည် ကူးစက်ခြင်းကြောင့် မဟုတ်သော ရောဂါများအနက် အဖြစ်များသော ရောဂါတစ်မျိုးဖြစ်ပြီး ၂၁ ရာစုနှစ်တွင် စိန်ခေါ်မှုအများဆုံး ရောဂါများ အနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊၂၀၁၄ ခုနှစ်၌ ကမ္ဘာပေါ်တွင် ဆီးချိုသွေးချို ရောဂါ ရှိသူ စုစုပေါင်း ၄၂၂ သန်းခန့်ရှိသည်ဟု International Diabetes Federation (IDF)  က ခန့်မှန်းထားပြီး ရောဂါဖြစ်သည့်ဦးရေ သည် အရွယ်ရောက်ပြီး လူဦးရေ၏ ၈ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရပြီး မြန်မာနိုင်ငံ၏ ဆီးချို သွေးချိုဖြစ်ပွားနှုန်းနှင့် ကူးစက်ခြင်းကြောင့် မဟုတ်သော ရောဂါများ ဖြစ်စေနိုင်သော အကြောင်းအချက်များ လေ့လာခြင်း စစ်တမ်းအရ အသက် ၂၅ နှစ်မှ ၆၄ နှစ် အတွင်း  ရှိသူများကို လေ့လာရာ ဆီးချိုသွေးချို ရောဂါမှာ ၁၀ ရာခိုင်နှုန်းကျော်ရှိကြောင်း တွေ့ရှိရသည်။ 

No comments:

Post a Comment