Saturday, May 18, 2019

ကလေးငယ်ကို ရေနှစ်ခဲ့သည့်အမှု တရားလိုကို စတင်စစ်ဆေး

(၁)နှစ်နှင့်ကိုးလအ ရွယ်ကလေးငယ်ကို ညှဉ်းပန်းနှိပ် စက်သည့်အမှုနှင့်ပတ်သက်၍ မေ လ ၁၆ ရက်တွင် တရားလိုကို စတင်စစ်ဆေးခဲ့သည်။ တရားလိုဒေါ်နိုင်နိုင်မော်က ကလေးငယ်၏ အဘွားဒေါ်မြင့် မြင့်ချိုနှင့် အဒေါ်မအေးမြတ်လွင် သည် ဧပြီ ၂၀ ရက်က ၎င်းအိမ်၌ ရှိနေချိန်တွင် ကလေးငယ်ကို ဆဲ ဆိုပြီး ညနေ ၄ နာရီခွဲခန့်၌ တစ် ကြိမ်၊ ည ၁၀ နာရီခန့်တွင်တစ် ကြိမ် အိမ်တွင်းရှိကျောက်စည် ကန်အတွင်း ရေနှစ်ခဲ့သည်ကို ၎င်း ကိုယ်တိုင် မြင်တွေ့ခဲ့ကြောင်း ထွက်ဆိုသည်။



ထို့အပြင် ကလေးငယ်တွင် ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဒဏ် ရာများတွေ့ရှိကြောင်း၊ မျက်မြင် တွေ့သည်များလည်းရှိကြောင်း ဒေါ်နိုင်နိုင်မော်က ပြောသည်။ အဆိုပါရုံးချိန်းတွင် ဓာတ်ပုံ နှင့်ဗီဒီယိုသက်သေများ တင်သွင်း ပြီး ကလေးငယ်၏ ဒဏ်ရာများကို ဆရာဝန်ဆေးစစ်ချက်နှင့် တင်ပြ ခဲ့သည်။

တရားခံ၏ရှေ့နေက ဓာတ် ပုံအတွင်းပါဝင်သော ကလေးငယ် တွင် သနပ်ခါးများဖုံးနေခြင်း ကြောင့် ဒဏ်ရာမထင်ရှား ကြောင်း ချေပသော်လည်း ဒေါ် နိုင်နိုင်မော်က အဆိုပါဒဏ်ရာများ ကို ကိုယ်တိုင်မြင်တွေ့ကြောင်း ပြောသည်။

‘‘ကလေးကညိုမည်းဒဏ်ရာ တွေ၊ ရေနွေးပူဒဏ်ရာတွေရှိ တယ်။ ကျွန်မကိုယ်တိုင်မြင်တွေ့ တုန်းက ရှိခဲ့တယ်။ ဓာတ်ပုံသက် သေမှာက ကလေးကို သနပ်ခါးနဲ့ ဖုံးထားတော့ သိပ်မထင်ရှားဘူး’’ ဟု တရားလိုဒေါ်နိုင်နိုင်မော်က 7Day Daily သတင်းစာအား ပြောသည်။

ယနေ့ရုံးချိန်းသည် ဒုတိယ မြောက်ဖြစ်ပြီး တရားခံဘက်က ရှေ့နေပါဝါတင်ခဲ့သည်။ တတိယ မြောက်ရုံးချိန်းကို မေလ ၂၃ ရက် သို့ ချိန်းဆိုထားသည်။ မြောက်ဥက္ကလာပ(ခ)ရပ် ကွက်တွင် အဘွားနှင့်အဒေါ်ဖြစ် သူက ကလေးငယ်ကို ကျောက် စည်အတွင်း ရေနှစ်နေသည့်ဗီဒီ ယိုဖိုင်လူမှုကွန်ရက်၌ ပျံ့နှံ့လာပြီး နောက် ဧပြီ ၂၁ ရက်တွင် တရား ခံနှစ်ဦးစလုံးကို မြောက်ဥက္ကလာပ ရဲစခန်းက ဖမ်းဆီးပြီး ကလေး သူငယ်ဥပဒေဖြင့် ကနဦးစွဲဆိုခဲ့ သည်။ ယခု လူသတ်ရန် အား ထုတ်ကြိုးပမ်းမှု ပုဒ်မ ၃၀၇ ဖြင့် ပြောင်းလဲစွဲဆိုပြီး ပြစ်မှုထင်ရှား ပါက ထောင်ဒဏ် ၁၀ နှစ်မှ တစ် သက်တစ်ကျွန်း ကျခံရနိုင်သည်။

No comments:

Post a Comment