Saturday, May 18, 2019

ဒုတိယရင်သွေးကို နိုဝင်ဘာမှာ မွေးဖွားမယ့် သဉ္ဇာနွယ်ဝင်း

ရင်သွေးများကို အသက် မကွာချင်သောကြောင့် ဒုတိယ ရင်သွေးယူခဲ့ကြောင်းကိုယ်ဝန် လွယ်ထားသည့် သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက ပြောသည်။ ‘‘သားသား တစ်နှစ်လောက် ကတည်းက နောက်ထပ်ကလေး တစ်ယောက် မြန်မြန်မွေးချင်တာ။ ကျောင်းပို့ရင်လည်း အတူတူပို့ ပေးချင်တယ်။ အတူတူဆော့ဖော် ဆော့ဖက်ဖြစ်စေချင်တယ်။ တစ် ယောက်နဲ့တစ်ယောက် အရမ်း မခြားချင်ဘူး’’ဟု ၎င်းကပြော သည်။ ဒုတိယရင်သွေးရှိချိန်တွင် ပထမရင်သွေးရရှိချိန်ကဲ့သို့ ပီတိဖြစ်ကာ မျက်ရည်ကျခဲ့ရကြောင်း သဉ္ဇာနွယ်ဝင်းက ဆိုသည်။ ‘‘အခုက သုံးလရှိသွားပြီ။ သဉ္ဇာကတော့ သမီးလိုချင်တယ်။ အခုတော့ သွေးစစ်ထားတာ။ နောက်ဆယ်ရက်လောက်မှ သိရ မယ်’’ဟု သဉ္ဇာနွယ်ဝင်းက ပြော ကြားသည်။


ပထမရင်သွေးသည် (၁)နှစ် နှင့် ခြောက်လရှိပြီဖြစ်ပြီး ဒုတိယ ရင်သွေးကို နိုဝင်ဘာတွင် မွေး ဖွားမည်ဖြစ်သောကြောင့် ရင် သွေးနှစ်ဦးစလုံး မွေးလတူမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ အိမ်ထောင်ပြုပြီးချိန်တွင် စီးပွားရေးလုပ်ရန် စဉ်းစားသော် လည်း လက်ရှိ၌ ကလေးကိုအချိန် ပေးရကြောင့် စီးပွားရေးကို ထင်သလောက် မလုပ်ဖြစ်သေး ကြောင်း သဉ္ဇာနွယ်ဝင်းက ပြော သည်။

အိမ်ထောင်ပြုပြီးချိန်က တည်းက အနုပညာအလုပ်များ မလုပ်ဖြစ်သကဲ့သို့ လက်ရှိတွင် ကလေးကို အချိန်ပေးနေရသော ကြောင့် အနုပညာအလုပ်လုပ်ဖြစ် မည်မဟုတ်ကြောင်း ၎င်းကဆို သည်။ ‘‘အခုချိန်အထိ သဉ္ဇာကို ချစ်တဲ့ပရိသတ်တွေရော၊ သား လေးကို ချစ်တဲ့ပရိသတ်တွေရော၊ သဉ္ဇာတို့ မိသားစုကိုချစ်တဲ့ ပရိ သတ်တွေကို ကျေးဇူးတင်ပါတယ်’’ဟု   သဉ္ဇာနွယ်ဝင်းက ပြောသည်။

No comments:

Post a Comment